ကုပေါက်လေးက အရည်တလဲ့လဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ မတ်တတ်လေးရပ်ကာ ပြန်ကြည့်နေတယ် ။ တကယ်ကို အပြစ်ကင်းစင်ကာ ဖြူစင်လွန်းပုံလေး ။

ယုပေါ်ယွင်က စိတ်ဆိုး‌သွားတဲ့ ခင်ပွန်းကို ဆံပင်တွေ သပ်ရပ်အောင် ပြန်ပြင်ပေးပြီး ချော့လိုက်တယ် ။
" အိုခေ အိုခေ စိတ်လျော့ .. ဘာလို့ သားနဲ့အပြိုင် စိတ်ဆိုးနေတာလဲ ?? "

"ကိုယ် စိတ်မဆိုးပါဘူး ဘေဘီရာ "
ကုဖုန်း ရယ်လျက် ။
" ကြည့်လေ! ကိုယ့်ဆံပင်ကို ဘယ်သူများ ခုလို ဆွဲရဲလို့လဲ ? ဆွဲဖို့မပြောနဲ့ မျက်လုံးလှန်ပြီးတောင် ဘယ်သူမှ မကြည့်ရဲဘူး .. မင်းနဲ့ အဲ့ဒီပေါက်စလေးပဲ ကိုယ့်ဒေါသကို ဆွရဲတာ .. ဒါပေမဲ့ ကိုယ့်မိသားစုဝင်လေးနှစ်ယောက်ကို ကိုယ်က ဘယ်လို စိတ်ဆိုးဒေါသထွက်ရက်မှာလဲ .. မင်းတို့သားအဖက ကိုယ့်အသက်ရှင်သန်ရာလေးတွေလေ "

ယုပေါ်ယွင်က ခြွေနိုင်လွန်းသူကြီးကို ပြောမနိုင်တော့ပုံဖြင့် ကူကယ်ရာမဲ့စွာ ပြုံးတယ် ။

ကုဖုန်းက ‌ယုပေါ်ယွင် လက်နွေးနွေးကို ဖမ်းဆုပ်ပြီး
" ကိုယ် အရမ်းပျော်တာပဲ ဟန်နီရယ် "

" ဆိုပါဦး ဘာလို့ ??"

" မင်းက ကိုယ့်ကို ထပ်ပြီး အခွင့်အရေးပေးခဲ့တယ် .. ကိုယ့်ကို လက်ထပ်ခဲ့တယ် .. သက်ဆုံးတိုင်ထိ ကိုယ့်ဘေးမှာနေဖို့ ဆုံးဖြတ်ခဲ့တယ် .. တစ်သက်တာလုံး ကိုယ့်လက်ကို မလွှတ်ဘူးလို့ သစ္စာဆိုခဲ့တယ် "

ကုဖုန်းဆက်ပြောတယ် ။ သူ့မျက်လုံးအစုံမှာ အတိုင်းအဆမဲ့ ချစ်မြတ်နိုးခြင်းတွေအပြည့် ။

" သားလေးကလည်း တဖြည်းဖြည်း အရွယ်ရောက်လို့ ခုဆို လမ်းတောင်စမ်းလျှောက်နေပြီ .. ကိုယ် အရမ်းပျော်တယ် .. မင်းတို့နှစ်ယောက်နဲ့ ကိုယ် , ဒီမိသားစုလေးက ကိုယ့်အတွက် အရာအားလုံးထက် ပိုပြီး တန်ဖိုးကြီးတယ် "

ယုပေါ်ယွင်က ကုဖုန်းနားရွက်ကို လှမ်းထိပြီး
" ကျွန်တော်လည်း အတူတူပါပဲ "

" မင်းကို ဒီလောက်ထိ ချစ်မိလိမ့်မယ်လို့ ကိုယ်လုံးဝ မထင်ထားခဲ့တာ "

ကုဖုန်းက ယုပေါ်ယွင် မျက်ခုံးတန်းလေးကို နှလုံးသားထဲထိ စွဲမြဲနေအောင် ကြည့်ပြီး ဆိုပြန်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now