အန်ကယ်လီ သက်ပြင်းချကာ
" ယုသခင်လေးအတွက် မနက်စာသွားပို့ပေးဖို့ လိုလား "

ကုဖုန်းက အန်ကယ်လီကို စူးခနဲ ကြည့်တယ် ။
" ကျွန်တော်က သူပင်ပန်းအောင် ထပ်လုပ်ပြန်ပြီလို့ အန်ကယ်ထင်နေတာလား "

မတ်တတ်ရပ်နေတဲ့ အန်ကယ်လီက ပခုံးတွန့်လိုက်တယ် ။ သူ့အကြည့်ထဲမှာ ပွင့်ပွင့်လင်းလင်းဖော်ပြနေတာက .. အဲ့လို မဟုတ်လို့လား သခင်လေး ?? ။

ကုဖုန်း ရှက်အမ်းအမ်းနဲ့ ချောင်းဟန့်ကာ ဆိုတယ် ။

" ရတယ် အန်ကယ်ထိုင်နေပါ .. ကျွန်တော် ဂရုစိုက်ပေးလိုက်ပါ့မယ် "

အန်ကယ်လီ ခေါင်းညိတ်ကာ ဆိုဖာပေါ် ပြန်ထိုင်လိုက်တယ် ။

" မူ မူ မြောင် ...."

ကုကျားယွဲ့လေးက သတ္တဝါပေါက်စလေးလို အသံပေါင်းစုံထွက်ပြီး လေးဘက်သွားကာ ကုဖုန်းဘောင်းဘီစနဲ့ လည်သာဖိနပ်ကို သူ့လက်ပိစိလေးတွေနဲ့ လှမ်းဆွဲတယ် ။ ပြီးတော့ မျက်လုံးတောက်တောက်ကြီးတွေနဲ့ သူ့ဒက်ဒီကို မော့ကြည့်တယ် ။

သားတော်မောင်ရဲ့ ဒီအကြည့်နဲ့ အပြုအမူလေးက ကုဖုန်း နှလုံးအိမ်ကို ဆွဲကိုင်ရမ်းလိုက်နိုင်တယ် ။

ချက်ချင်းပဲ သားပေါက်စကိုကောက်ပွေ့ပြီး ကုဖုန်း မေးတယ် ။
" နို့ဆာနေပြီလား "

ကုကျားယွဲ့က မျက်တောင်လေး ခတ်ပြတယ် ။

အန်ကယ်လီက အဖေနဲ့သား ချစ်ကြည်နူးနေတာကိုကြည့်ရင်း သူ့ဆီကိုပါ ချစ်ခြင်းတရားတွေ ကူးစက်လာတယ်လို့ ခံစားရတယ် ။ သူက သူ့သခင် ကု နဲ့ သခင်ငယ် ကုပေါက်လေးကို သေချာစွာ အနီးကပ်ပြီး စေ့စေ့စပ်စပ်ကြည့်တယ် ။

သခင်ငယ်လေးက ကောင်းကောင်းအရွယ်မရောက်သေးတာတောင် သူ့ဒက်ဒီကုဖုန်းနဲ့ အရမ်းတူတယ် ။ နောင်တစ်ချိန်မှာ သူ့ဒက်ဒီလိုပဲ ချောမောခန့်ညားပြီး ဆွဲဆောင်အားပြင်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲဘူး ။

( ယူတို့ရဲ့ ကုပေါက်စ )

( ယူတို့ရဲ့ ကုပေါက်စ )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now