Part 1

12.9K 266 21
                                    

ရေလမ်း အပိုင်း ၁

(Unicode)

မှိုင်းပြသည့်ကောင်းကင်တွင် ညို့မှိုင်းသောမိုးက ပျော်ဘွယ်မြို့လေးဆီသို့ အလည်အပတ်တစ်ခုအနေနှင့်ရောက်ရှိလို့လာသည်။ အေးစက်တဲ့မိုးရေတွေက ပျော်ဘွယ်မြို့တစ်ခွင်လုံးကို ဖြန်းပက်သည်မို့ စိုစိုစွတ်စွတ်။ မိုးသီးမိုးပေါက်ကြီးငယ်တို့က မြို့ငယ်လေး၏အိမ်ခေါင်မိုးတွေပေါ်သို့ ဆူဆူညံညံနှင့် တဖျောက်ဖျောက်ကျဆင်းလို့ပင်။

"သား‌‌ ပြောစရာရှိတယ်မေမေ"

မိုးသံတွေကြားထိုးဖောက်လာသည့် လူငယ်လေးတစ်‌ယောက်၏ စကားသံ။ ဧည့်ခန်းငယ်လေးက ကျင်းလွန်းတာကြောင့် ထိုလူငယ်လေး၏အသံနှုန်းထားက အတက်အကျမညီနေသည်ကို ကောင်းကောင်းကြားရသည်ဖြစ်သော်လည်း မိုးကျသံတို့နှင့် ရောယှက်ကာ မပီမသ။

ထိုလူငယ်လေးသည် ဒူးတုပ်ကာ ထိုင်နေရင်းပင် ဆိုဖာပေါ်တွင်ထိုင်နေသော အမေဖြစ်သူ၏ ပေါင်ထက်တွင် ကလေးတစ်ယောက်သဖွယ် ခေါင်းကိုတိုးဝှေ့လိုက်သည်။

"အမေနားထောင်နေတယ်သား"

ဒေါ်ချယ်ရီတစ်ယောက် သူ၏လက်ချောင်းတွေနှင့် ခေါင်းကို ခပ်ဖွဖွလေး ထိုးဖွရင်း ငိုသံစွတ်နေသော သား၏စကားသံတွေကို နားထောင်ရန်ပြင်ဆင်လိုက်သည်။

လင်းသူရမော့ကြည့်မိလိုက်တော့ ငုံ့ကြည့်နေသော အမေ့ရဲ့မျက်ဝန်းတွေက ကြည်ကြည်စင်စင်။ အမြဲကရုဏာရိပ်ပါသော မျက်လုံးတွေနှင့် ကြည့်တတ်သော အမေက ယနေ့တွင်တော့ မေတ္တာဓာတ်တွေပါလျှံကျလို့နေသည်။

"‌ပြောလေသားရဲ့ဘာတွေများ‌‌ ပြောစရာရှိလို့တုန်း"

မျက်လုံးချင်းဆုံသွားတော့ အမေမေးသော စကားကတစ်ခွန်းတည်းသာ။
အနှစ်နှစ်အလလ ထိန်းသိမ်းခဲ့ရသော သူ၏ဖြစ်တည်မှုကို ပြောပြရန် စကားလုံးတွေကို စီတန်းလိုက်တော့ အတွေးထဲမှာ တုန်လှုပ်မှုတွေ အပြည့်နှင့်ဖြစ်ခဲ့သည်။

"သားက.."

လင်းသူရစကားတစ်ခွန်းကိုပြောရန် ဟလိုက်သည်။ သို့သော်ဖျားနေသောသူတစ်ယောက်ကဲ့သို့ သူလည်ချောင်းထဲမှထွက်လာသော အသံကအပ်ကွဲကွဲ။ စကားတွေကို ထပ်၍ပြောစေရန် အမေက လက်ကို ဆုပ်ညစ်၍ အားပေးသည်မို့ မျက်ရည်မကျအောင်ထိန်းထားသော်လည်း တလိမ့်လိမ့်ကျဆင်းလာသောမျက်ရည်တွေက ပါးပြင်ပေါ်သို့ ချောင်းတစ်ခုသဖွယ် တိုးဖောက်စီးဆင်းသည်။

"ခရေလမ်း" (Completed)Waar verhalen tot leven komen. Ontdek het nu