Chapter 241 + 242(U)

Start from the beginning
                                    

ယုပေါ်ယွင်က အဖျားရှိန်ကြောင့် စင်းနေတဲ့မျက်တောင်လေးကိုခတ်ပြီး ငိုက်နေတဲ့ခေါင်းလေး ခါပြတယ် ။

" ကျွန်တော်က ရတယ် .. ခင်ဗျားသာ အင်္ကျီမဝတ်ဘဲ မနေနဲ့ .. မဟုတ်ရင် ခင်ဗျားပါ ဖျားသွားလိမ့်မယ် "

" ကိုယ်လည်း ရတယ် .. တကယ် ရတာ "
ကုဖုန်းက အံကြိတ်ထားတဲ့ကြားက ပေါ့ပါးစွာ ဆိုတယ် ။

" တစ်ပတ်ရှိသွားပြီ "
ယုပေါ်ယွင် သက်ပြင်းတစ်ရှိုက်နဲ့ ဆက်ပြောတယ် ။
" ကျွန်တော်တို့ကို ရှာနေတဲ့လူတွေ .......... လက်လျော့သွားလောက်ပြီလား "

" မဟုတ်တာ !! "
ကုဖုန်း အခိုင်အမာ ဆိုတယ် ။
" မလွဲမသွေ ကိုယ်တို့ကို ရှာတွေ့မှာ !! .. ကျိန်းသေပေါက် !!!"

ယုပေါ်ယွင် နှာခေါင်းရှုံ့တယ် ။

ကုဖုန်းက သူပြောချင်တာကိုတောင် နားမလည်ဘဲနဲ့ !!

ကုဖုန်းဟာ အအေးဒဏ်ကြောင့် တုန်ရင်ကာ‌ ကွေးကျုံ့နေတဲ့ ယုပေါ်ယွင်ကိုယ်လေးကိုကြည့်ပြီး ရင်တွေနာလို့မဆုံးဘူး ။ ဂူအပြင်ဘက်က ကျောက်ဆောင်တွေဘက် တစ်ချက်ကြည့်ပြီး ကုဖုန်း ဆိုတယ် ။

" ဒီဂူက လေကြောင်းတည့်တည့်ကျနေတာလား မသိဘူး .. အထဲကို ဒလဟောတိုက်နေတာ အဆက်မပြတ်ဘဲ .. ဒီတိုင်းဆို အေးနေမှာ.. ကိုယ် အပြင်က ကျောက်တုံးတွေသယ်လာခဲ့မယ် .. ပြီးရင် အဲ့ကျောက်တုံးတွေဆင့်ပြီး မင်းအတွက် လေကွယ်ရာလေး လုပ်ပေးမယ်နော် "

" မသွားနဲ့ !!"
ယုပေါ်ယွင် တားလိုက်တယ် ။
" အပြင်မှာ ဒီလောက် မိုးသည်းနေတာ .. ခင်ဗျားမှာ အဝတ်လည်း မရှိဘဲ .. ခင်ဗျား တောင့်ခံနိုင်မှာ မဟုတ်ဘူး "

ကုဖုန်း ခေါင်းခါတယ် ။

" မင်း ခံစားနေရတာကို လက်မှိုင်ချပြီး ထိုင်ကြည့်နေရတာက ကိုယ့်ကို အခါခါ သေစေတာထက် ပိုပြီးနာကျင်ရတယ် "

ထို့နောက် ကုဖုန်း ထရပ်ကာ ဂူပြင်သို့ လျှောက်သွားလေတယ် ။ ကြိတ်မှိတ်အားတင်းပြီး ကျောက်တုံးကြီးကြီးတစ်တုံးသယ်ကာ ယုပေါ်ယွင်ရှိရာပြန်လာချိန်မှာတော့ မိုက်ခနဲဖြစ်ပြီး မဟန်နိုင်စွာ လဲပြိုသွားတော့တယ် ။ ကံကောင်းထောက်မပြီး လက်ထဲက ကျောက်တုံးကြီးက လူပေါ်မကျဘဲ ဘေးဘက်သို့ ကျသွားခဲ့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now