Ch 117 မင်းတို့အိမ်ရဲ့ရေက တော်တော်နက်တာပဲ

11K 677 17
                                    

ယန်အမေသည် ထိုညက ဆေးရုံတွင် ည ဆယ်နာရီကျော်အထိ နေသွား၏။ သူမ မပြန်ခင်အထိ ယန်မင်ရှို့အား အစာစားရန် ထပ်တလဲလဲ သတိပေးသွားသည်။ သူမပြန်သွားပြီးနောက် ကျိုရှန်းသည် ယန်မင်ရှို့နှင့်အတူ ဆေးရုံတွင် အချိန်ကုန်ခဲ့ပါသည်။

ယန်မင်ရှို့ ယူထားသော သီးသန့်အခန်းသည် အလွန်ကောင်းသည်။ အိပ်ရာသည် နှစ်ယောက်အိပ်ကုတင်ဖြစ်၍ အတူတကွ အိပ်စက်ကြသည်။ ယန်မင်ရှို့၏ ညာလက်မလှုပ်နိုင်၍ ဘယ်လက်သည် ကျိုရှန်း၏ လက်ကို ထိတွေ့ထားသည်။ လက်ချောင်းချင်း တင်းကျပ်စွာ ဆုပ်ကိုင်ထား၍ ထိတွေ့မိသော အသားအရေတိုင်းသည် နွေးထွေးနေ၏

နောက်တနေ့ သူတို့နိုးသောအခါ ယန်မင်ရှို့သည် ဆေးရုံဆင်းချင်နေ၏။ ထို့ကြောင့် ကျိုရှန်းသည် ဆရာဝန်နှင့် ဆွေးနွေးကာ ဆေးရုံဆင်းရန် လုပ်ငန်းစဉ်များအား ကူညီပေးလိုက်သည်။

ကျန်းယွမ်သည် သူတို့ဆီမှ ဖုန်းလက်ခံ၍ အိမ်ပြန်ရန် လာခေါ်သည်။ ကျန်းယွမ်အတွက် ကျိုရှန်းပိုင်အိမ်သို့ ပထမဆုံး လိုက်ပို့ခြင်း ဖြစ်သည်။ နေရာဌာနကို သူမြင်သောအခါ ယန်မင်ရှို့နှင့် ကျိုရှန်းသည် ထိုကဲ့သို့သော ကျဉ်းလှသည့်နေရာ ခေတ်မမီသော ပတ်ဝန်းကျင်တွင် နေထိုင်နေသည်ဟူသောကြောင့် အံ့အားသင့်သွားရသည်။ ဤပတ်ဝန်းကျင်လူနေမှုအဆင့်အတန်းသည် ယန်မင်ရှို့နှင့် လားလားမျှ မအပ်စပ်ပေ။

ဤနေရာသည် သံသယရှိရန်မလို ကျိုရှန်း၏ အိမ်ဖြစ်သည်။ ကျိုရှန်း အတွက် ယန်မင်ရှို့ လုပ်ခဲ့သမျှအရာအားလုံးနှင့်အတူ ကျန်းယွမ် သည် ကျိုရှန်း၏ ထူးခြားသောသဘောသဘာဝကို သိရှိပြီးဖြစ်သည်။ ထိုကြောင့်သူသည် ကျိုရှန်းကို များစွာအာရုံစိုက်ခဲ့သည်။

အိမ်ပြန်ပြီးနောက် ယန်မင်ရှို့၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်အတူ ထိခိုက်ဒဏ်ရာရမှုပြသနာမှာ ထင်ရှားလာခဲ့သည်။ သူ၏လက်ယာလက်သည် ကျိုးပဲ့နေသည့်အပြင် အက်နေသောနံရိုးများနှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကြောင့် လမ်းလျှောက်ရန် အဆင်မပြေရုံသာမက ရေချိုးခြင်းနှင့်မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ခြင်းသည် အလွန်ပင်ပြသနာရှိသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now