Ch 113 သူ့အဖေကို ပေးထားသော ယန်မင်ရှို့၏ ကတိ

9.7K 733 23
                                    

ညနေပိုင်းတွင် ကျိုရှန်းသည် ယန်မင်ရှို့ဆီက စာတစ်စောင်လက်ခံရရှိခဲ့ပြီး ပြီးခဲ့သည့်မိနစ်အတွင်း သူသည် စီးပွားရေးလုပ်ငန်းများအတွက် ခရီးထွက်မည်ဖြစ်ကြောင်း ပြောကြားလာသည်။ ၎င်းးသည် အလွန်အရေးတကြီးဖြစ်ပြီး သူသည် လေယာဉ်ပေါ်တက်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။ မနက်ဖြန်သူ့ကို ဖုန်းဆက်ရန်နှင့် အရင်အိပ်ဖို့ ပြောသွား၏

ကျိုရှန်းသည် ဖုန်းမျက်နှာပြင်ကို အချိန်ကြာမြင့်စွာစိုက်ကြည့်ခဲ့ပြီးနောက် 'အိုကေ" ဟူသော စကားလုံးတစ်လုံးကို သူ့လက်ချောင်းများက အလိုအလျောက် တုံ့ပြန်လိုက်သည်။

ထို့နောက်သူသည် မိမိဖုန်းကို ပိတ်ထားလိုက်သည်။

ကျိုရှန်း ရေချိုးပြီးသည့်နောက် သူအိပ်ရာပေါ်သို့တက်နေချိန်သည် ည ၁၁ နာရီဖြစ်သည်။ အိမ်က မှောင်နေသည်။ နက်နက်ရှိုင်းရှိုင်း အသက်ရှူနေသော သူ့အပြင် အခြားမည်သူမျှ မရှိပါ။ တိတ်ဆိတ်လွန်းနေသည်။ အိပ်ဖို့အကောင်းဆုံးအခြေအနေတွေ အားလုံးရှိပေမယ့် သူလုံးဝအိပ်လို့မရပေ။

သူဟာ သူ့ခန္ဓာကိုယ်ထဲမှာ နိုးထလာပြီးကတည်းက အခုထိ ရှစ်လကျော်ခဲ့ပြီဖြစ်ပေမယ့် တစ်စုံတစ်ရာကို စဉ်းစားတွေးတောခြင်း၊ စိုးရိမ်ခြင်းမရှိပါဘဲ အိပ်ပျော်သွားနိုင်သော နေ့တစ်ရက်မှ မရှိခဲ့ပါဘူး။ သူသည် ထပ်မံမွေးဖွားခြင်းခံရသည်မှာ နှစ်အနည်းငယ်သာ ရှိသော်လည်း သူသည် များစွာသောစိုးရိမ်မှုများကို ဆန့်ကျင်တိုက်ခိုက်နေရ၍ အသက်ပင် တိုစေလိမ့်မည်ဟု မိမိကိုယ်ကို ထင်နေမိသည်

ခက်ခဲလှသည့် ပြသနာအားလုံးကို ဘေးသို့ ပစ်ချပြီး စဉ်းလည်း မစဉ်းစားချင်တော့ စိတ်ဒုက္ခလည်း မခံလိုတော့။ သို့သော်လည်း ဤမှောင်မိုက်သောတိမ်စိုင်တိမ်ခဲသည် သူ၏ခေါင်းပေါ်၌ ဝဲနေသည်ကိုသူသိသည်။ လွှင့်ပစ်သည်ဖြစ်စေ၊ မဖြစ်စေ သူသည်အနှေးနှင့်အမြန်ရင်ဆိုင်ရလိမ့်မည်။

နောက်ဆုံးတော့ ကျိုရှန်းဟာ အိပ်မရတော့သောကြောင့် အိပ်ယာပေါ်ကထပြီး မီးမဖွင့်ဘဲ ဧည့်ခန်းမှာထိုင်လိုက်သည်။ သူဆက်တိုက်ဆိုသလို ဆေးလိပ်သောက်ခဲ့သည်။ အစအဦး၌, သူသည် ဆေးလိပ်သောက်ရန် ပိုမိုနိုးကြားနေ၏။ သို့သော်နောက်ပိုင်းတွင် သူသည် ပို၍ ပို၍ မူးဝေလာသည်။  နောက်ဆုံး ဆိုဖာပေါ်တွင် အိပ်ပျော်သွားရှာသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now