Ch 116 ယန်မင်ရှို့အမေနှင့် စကားပြောဖြစ်ခြင်း

10.8K 695 21
                                    

ကျိုရှန်း ဆေးရုံသို့အမြန် သွားလိုက်သည်

အစပိုင်းမှာတော့ ယန်မင်စု ဟာ ချဲ့ကားပြောဆိုနေတာပဲဟု ခံစားခဲ့ရသည်။ မည်သည့်နည်းဖြင့်ပင် ရိုက်သည်ဖြစ်စေ ယန်မင်ရှို့က သူ့သား‌ေလ။ ယန်ဖေး ကသူ့ကို ဘယ်လောက်အတိုင်းအတာအထိ ရိုက်နှက်နိုင်မှာမို့လဲ။ ထို့ကြောင့်သူသည် စိတ်ပျက်အားလျော့သော်လည်း အရမ်းတော့ စိတ်မပူမိ

သို့သော် ဆေးရုံသို့ရောက်သွားသောအခါ ကျိုရှန်း အလွန်အံ့အားသင့်သွားသည်။

ယန်မင်ရှို့ ရဲ့မျက်နှာက အမှတ်အသားများမရှိပေမယ့် သူ့လက်မောင်းက ကျောက်ပတ်တီး ကိုင်ထားကာ မျက်ခုံးများ တွန့်ကုပ်လျက် မျက်လုံးမှိတ်ထားပုံမှာ မသက်မသာ ဖြစ်နေဟန်တူပါသည်။ ယန်မင်စု သည် သူ၏အိပ်ရာဘေးတွင် Laptop ဖြင့် အလုပ်လုပ်နေသည်။ ကျိုရှန်း ၀င်ရောက်သောအခါ သူသည် "ရှူး တိုးတိုးနေ" ဟု လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။ ထို့နောက်သူ၏ laptop ကို ချထားလိုက်ပြီး ကျိုရှန်း ကို အခန်းထဲမှ ခေါ်ထုတ်လိုက်သည်။

ယန်မင်စု က တိုးတိုးပြောလိုက်သည်။
"သူအိပ်ပျော်သွားတယ်၊ အပြင်မှာ စကားပြောရအောင်"

ကျိုရှန်း ချက်ချင်း မေးလိုက်သည်
"သူ့လက်မောင်းကျိုးသွားတာလား"

"ဟုတ်တယ် ကျိုးသွားတာ"
ယန်မင်စုအမူအရာသည် ဖြစ်လေ့ဖြစ်ထရှိနေသည့်ဟန်
"နံရိုးလည်း အက်သွားတယ်"

ကျိုရှန်း ရဲ့မျက်နှာက ပြောင်းလဲသွားသည်
"မင်း ... မင်းအဖေ မင်းအဖေကရိုက်လိုက်တာလား?"
မိဘတစ်ဦးအနေဖြင့် မိမိကလေးကိုသင်ကြားပေးခြင်းသည် အပြည့်အဝတရားဝင်သည်၊ သို့သော် မိဘတစ်ဦးသည် မိမိ၏သားကို အလွန်ကြမ်းတမ်းစွာ လက်ပါတတ်သော မိဘမျိုးကို မြင်ရခဲသည်။ သူ့ကလေးကို အဲဒီလိုလုပ်ဖို့ သူ့မှာဘယ်လိုနှလုံးရှိနိုင်တာလဲ။

"ဟုတ်တယ်၊ ကိူယ့်အဖေကလူတွေကို တော်ရုံဆို လက်မပါဘူး ... ဘာလို့လဲဆိုတော့ သူ့ဒေါသကို သူမထိန်းနိုင်လို့"
ယန်မင်စု သည် နောက်ခန်းကိူ တချက်ကြည့်လိုက်ပြီး
“သူ့ကို ကျိုင်းတုတ်နဲ့ ရိုက်လိုက်တာ"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now