Ch 14 ကျိုရှန်းကို ပိုင်ဆိုင်လိုစိတ်

8.4K 651 20
                                    

ကျိုရှန်း လည်း အနည်းငယ် အံ့ဩသွားကာ
"မင်းဘာလို့ ဒီကို ရောက်နေတာလဲ"
အများကြီး မမျှော်လင့်ထားပေမယ့် သူ့ရဲ့ ကြည်နူးစရာကောင်းသော အံ့သြမှုကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။

ယန်မင်ရှို့ က သူ့နားကြပ်ကို ချွတ်လိုက်ပြီး
"မကြိုဆိုဘူးလား?"

"ဒါက ဘယ်လိုဖြစ်တာလဲ၊ လာ…"

ကျိုရှန်း တံခါးဖွင့်ပြီး ယန်မင်ရှို့ ကို ကွန်ဒိုထဲသို့ ဝင်ခိုင်းလိုက်သည်။

ကျိုရှန်း ရဲ့ သွယ်လျသောလည်ပင်းကို အနောက်ကနေ ကြည့်လိုက်တော့ ယန်မင်ရှို့ က သူ့နှလုံးသားထဲက မကျေမနပ်မှုတွေကို ဖြေဖျောက်ရန် သူ့ကို ကိုက်ချင်နေခဲ့သည်

ဝမ်ယုတုန် ကိုတွေ့ရန် ရိုက်ကူးရေးဆီသို့ ၃ နာရီနီးပါး ကားမောင်းသွားခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်ယုတုန်သည် သူ့အစ်မ၏နေရာကို ရောက်သွားသေးသည်။ ဝမ်ယုတုန်က သူ့ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သောအခါ ယန်မင်ရှို့ ဒေါသထွက်လွန်းလို့ ပေါက်ကွဲမိတော့မတတ်

ထိုကြောင့် ကျိုရှန်း ကိုရှာဖို့လာခဲ့၏ သူ ကျိုရှန်း နှင့်အတူရှိနေချိန်တွင် သူ့ တုန်ကော နှင့် အတူရှိနေကြောင်း စိတ်ကူးယဉ်နိုင်ကာ သူ့ကို ခံစားချက် ပိုကောင်းလာစေသည်။

ကျိုရှန်း
"မင်းစားပြီးပြီလား…  ကိုဟ်တော့ အသင့်စား ဝယ်လာတယ်… မင်းဘာစားချင်လဲ … မင်းအတွက်ချက်ပေးမယ်။"

" မလိုပါဘူး … အစားအသောက် မှာထားတယ် "
ပြောပြီးတာနဲ့ တံခါးခေါက်သံ ထွက်ပေါ်လာပါရာ ယန်မင်ရှို့ တံခါးသွားဖွင့်သည် ။ ကျိုရှန်းက အစားအသောက်ပို့သော ဝန်ထမ်းရဲ့ ယူနီဖောင်းကို တွေ့တာနဲ့ သူ့အနီးနားက ဟိုတယ်ကလာတာလို့ သူသိလိုက်သည်

ကျိုရှန်း က ပြုံးပြီး ခေါင်းခါရင်း
"မင်းက ဘယ်လိုနေရမလဲဆိုတာ တကယ်သိတဲ့ ကောင်ငယ်လေး"

ယန်မင်ရှို့သည် ကျိုရှန်းကို ကြည့်လိုက်သည်။ ဒီလူကို တုန်ကော အဖြစ် ဆက်ဆံတယ်လို့ သူ့ကိုယ်သူ တွေးလိုက်ချိန်မှာတော့ နည်းနည်းတော့ အပြစ်ရှိသလို ခံစားခဲ့ရပြီး
"တစ်ရက်လုံး ရိုက်ကူးရေးလုပ်ထားရတော့ အရမ်းပင်ပန်းနေမှာပေါ့ … ကောင်းကောင်းစားသင့်တယ်လေ"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now