Ch 17 ‌ပြောင်းရွှေ့လာခြင်း

7.6K 593 16
                                    

ကျိုရှန်း ရေချိုးပြီးနောက် အိပ်ယာဝင်ခဲ့သည်။ နံရံပေါ်က နာရီကို ကြည့်လိုက်တော့ မနက် ၄ နာရီ ထိုးနေပြီ။

အမှန်တကယ်ပင် မောပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်ပေ။ သူ့စိတ်တွေ တင်းမာနေလျက် ယန်မင်ရှို့ နှင့် ဆယ်နာရီအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့စိတ်ထဲတွင် မရပ်တန့်နိုင်ပေ။

ကျိုရှန်းသည် သူ့ကိုယ်သူ လေးလေးနက်နက် စိတ်ပူသွားသည်။ ယန်မင်ရှို့သည် ဘယ်လောက် ချစ်စရာကောင်းနေပါစေဦး‌တော့ သူကအချစ်ကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားလိုက်ရသော ကလေးလေးတစ်ယောက်လို မဖြစ်သင့်ပေ။ ကျိုရှန်းသည် တည်ငြိမ်သော ဆက်ဆံရေးတစ်ခုရှိရန် အိပ်မက်မက်ခဲ့သော်လည်း၊ သူ့ဘဝတစ်လျှောက်လုံးတွင် သူနှင့်အတူ မျှဝေခံစားနိုင်သော အလွန်စာနာတတ်သူတစ်ဦးရှိရန် စိတ်ကူးယဉ်ခဲ့သည်ကို ဆင်ခြင်ဥာဏ်ဖြင့် ဆန်းစစ်ကြည့်ရာ... ယန်မင်ရှို့ သည် သူနှင့်အတူ အခြေချနေထိုင်နိုင်သည့်သူ မဟုတ်သည်မှာ ထင်ရှားပါသည်။ ယန်မင်ရှို့က အရမ်းလန်းပြီး နုပျိုလွန်းလှသည်။ ကျိုရှန်းသည် သူ့ကို ထိန်းထားနိုင်သည်ဟု မခံစားရပေ။

ယန်မင်ရှို့ကို အလွန်အကျွံစိတ်မထားခဲ့သင့်ပေ။ အန္တရာယ်များလွန်းတာကို။

သူ အိပ်‌ေပျာ်နေချိန်တွင် တံခါးခေါက်သံ မြည်လာသည်။ ကျိုရှန်း အံ့အားသင့်စွာ ထထိုင်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မနက် ၅ နာရီထိုးနေပြီဖြစ်သည်။ ဒီအချိန်မှာ ဘယ်သူက တံခါးခေါက်သံ မြည်နေပါလိမ့်။

ဖြစ်နိုင်ပါ့မလား......

ကျိုရှန်း ကုတင်ပေါ်မှ ခုန်ဆင်းကာ ပြတင်းပေါက်ကို လှမ်းကြည့်ပြီးနောက် တံခါးကိုဖွင့်လိုက်သည်။ တံခါးရှေ့မှာ ရပ်နေတဲ့ ယန်မင်ရှို့ က အရက်ကြို့ထိုးလျက်

ယန်မင်ရှို့သည် အမြဲတမ်း မာနကြီးပြီး ဘာမှ ဂရုမစိုက်တတ်သူတယောက်။ ကျိုရှန်းသည် ထိုကဲ့သို့ မူးနေသော အခြေအနေကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်မှာ သေချာပါသည်။

ယန်မင်ရှို့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျိုရှန်း ပေါ်ကို ချက်ချင်းလှဲချလိုက်သည်။ တိုးတိုးလေး ရွတ်ရင်း
"ချီးထဲမှပဲ ငါဘာဖြစ်နေတာလဲ......"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now