Ch 34 ကျိုရှန်းကို လက်မလွှတ်လို

9.3K 613 30
                                    

For Unicode

ကျိုရှန်း သည် ထိုညက ချိုင့်ဝေ ၏အိမ်တွင် အိပ်ခဲ့သည်။ တကယ်တော့ ချိုင့်ဝေ ဇနီးက နောက်သုံးလဆို မီးဖွား‌ေတာ့မည်ဖြစ်၍ သူတို့ကို နှောင့်ယှက်ရန် ကြောက်ရွံ့သော်လည်း ချိုင့်ဝေ က တုံ့ဆိုင်းမနေဘဲ အိမ်သို့ ခေါ်သွားခဲ့သည်။

ချိုင့်ဝေ သည် ကျိုရှန်း ၏ဆုံးဖြတ်ချက်ကိုဖော်ပြရန် ဒါရိုက်တာဝမ်နှင့် စကားပြောခဲ့သည်။ ကျိုရှန်း သည် စနေနေ့တွင် ရုပ်ရှင်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဆိုသောအခါ ဒါရိုက်တာဝမ်သည် အလွန်ဝမ်းမြောက်နေပါသည်။ ထိုနေ့တွင် ဇာတ်ဆောင်ပြောင်းလဲခြင်းကို မီဒီယာများထံ ကြေညာမည်ဖြစ်သည်

ဒါရိုက်တာဝမ် နှင့် စကားပြောပြီးနောက် ချိုင့်ဝေ သည် သူဌေးဝမ်ထံ ထပ်ခေါ်လိုက်သည်။သူတို့နှစ်ယောက် အတော်ကြာအောင် စကားများကြသည်။ ဖုန်းပြောပြီးနောက် ချိုင့်ဝေ မျက်နှာမကောင်း ။သူဌေးဝမ်က သူ့ကို ဇာတ်ဆောင်နေရာ မပါစေချင်ကြောင်း ကျိုရှန်းသိပါသည်။ နောက်ဆုံးတော့ သူက စီးပွားရေးသမား‌ေလ။ သူသည် ဇာတ်ကား ဘယ်‌လောက်အောင်မြင် စိုးရိမ်ခဲ့သော်လည်း ဒါရိုက်တာဝမ်ကိုလည်း မဆန့်ကျင်ရဲ။ ကျိုရှန်း ငြင်းမှာပဲလို့ ထင်ပေမဲ့ ကျိုရှန်းက လက်ခံလိုက်သည်။ သူဌေးဝမ်က ဒီအခြေအနေကို တွေးတောပြီး ဒါဟာ ချိုင့်ဝေ နဲ့ သေချာပေါက် သက်ဆိုင်တယ်လို့ ခံစားမိတဲ့အတွက် သူ့အနေနဲ့ မကျေမနပ်ဖြစ်ရခြင်းသာ။

ချိုင့်ဝေ သည် ညီအစ်ကိုအသင်းအပင်းအပေါ် အလွန်သစ္စာစောင့်သိသူတစ်ဦးဖြစ်သည်။ ကျိုရှန်း အား စနေနေ့တွင် အချိန်မီရောက်ရမည်မှတပါး တခြား ဘာစကားမှ အပိုအလိုမပြော။၊ ကျိုရှန်း က ဒါကို သူ့နှလုံးသားထဲမှာ သိမ်းထားလိုက်ပါည်။ ချိုင့်ဝေ အား ရင်ထဲအသည်းထဲကနေ ကျေးဇူးတင်နေလျက်

အဲဒီညက ဧည့်ခန်းထဲမှာ သူအိပ်နေတုန်း ကျိုရှန်း ရဲ့ ဖုန်းမြည်လာရာ ခေါ်သူကို ကြည့်လိုက်တော့ ယန်မင်ရှို့။

ယန်မင်ရှို့က သူ့ကို ဖုန်းစခေါ်ဖို့ဆိုတာ မရှိသလောက်ရှားပါသည်။ အိမ်မပြန်တာ တစ်ရက်နှစ်ရက်ရှိလို့ သူ့ကို မရှာလို့ရမလား ပြောတာက ကျိုးကြောင်းဆီလျော်တယ် မဟုတ်လား။ သို့ဆိုလျှင် ယန်မင်ရှို့ သည်လည်း အထူးအဆန်းဖြစ်သည်ဟု ခံစားရမည်မဟုတ်ပေ။

လူစားထိုးသရုပ်ဆောင် (Completed)Donde viven las historias. Descúbrelo ahora