Ch 19 ယန်မင်ရှို့၏ သ၀န်တိုမှု

9K 615 14
                                    

For Unicode

ကျိုရှန်း အရက် အရမ်းမသောက်တာကြာပြီ။ သူနိုးလာပြီး လှည့်လိုက်ရာ သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီးနောက် လဲကျသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ငိုက်နေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင်  စောင်ခြုံထားသည့် သူ့ခန္ဓာကိုယ် ဆိုဖာပေါ်တွင် အိပ်နေမှန်း သိလိုက်ရသည်။

ကျိုရှန်းသည် သူအိမ်သို့ မည်သို့ပြန်ရောက်သည်ကို မမှတ်မိသော်လည်း ဘေးကင်းစွာ ပြန်ရောက်ဖို့သာ အရေးကြီးသည်။

"ခင်ဗျား နိုးလာပြီလား?"

ကျိုရှန်း လန့်သွားသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ ထမင်းစား စားပွဲရှေ့မှာ ထိုင်နေတဲ့  အေးစက်စွာ စိုက်ကြည့် နေသော ယန်အင်ရှို့ကို တွေ့လိုက်ရသည်။

ကျိုရှန်း၏ တစ်ကိုယ်လုံး နာကျင်ခံစားရပြီး တစ်ညလုံး ဆိုဖာပေါ်တွင် ကျဉ်းကျဉ်းကျပ်ကျပ် အိပ်ပျော်သွားခဲ့သည်။ အဆင်မပြေတာ သိသာလျက်
"ခါးက အရမ်းနာနေတယ် အိုး"
  ကျိုရှန်း က ဆိုဖာပေါ်တက်ပြီး  ညည်းညူသည်
"ကိုယ့်ကို ဆိုဖာပေါ် အိပ်ခိုင်းထားတယ်ပေါ့"

ကျိုရှန်း ရဲ့ဒေါသက မငြိမ်သေးဘဲ
"ခင်ဗျား နံစော်နေတာကို ကျွန်တော်က ကုတင်ပေါ်မှာ အိပ်ခိုင်းရမလား?"

အဲ့ဒါက ငါ့အိပ်ရာလေလို့ ပြောချင်ပေမဲ့ အရက်မူးတာက လူတွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စေ၏ ဒါလည်း ကောင်းတာပါပဲ အိပ်ယာခင်းတွေ မပေတော့ မလျှော်ရတော့ဘူးပေါ့

ခေါင်းကိုက်၍ မျက်လုံးများ မှိတ်ထားလိုက်သည်၊ မလှုပ်ချင်တော့

ယန်မင်ရှို့ က ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး
"ခင်ဗျား ဘယ်လိုပြန်ရောက်လာလဲလို့ မမေးတော့ဘူးလား"

"Ah? ဒါဆို ကိုယ်ဘယ်လိုပြန်လာခဲ့တာလဲ... ဘယ်သူက ကိုယ့်ကိုပြန်ခေါ်လာတာလဲ"
ချိုင့်ဝေဖြစ်လိမ့်မည်ဟု သူထင်မိလျက်

"ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်"
ယန်မင်ရှို့ က သူ့ဘေးက ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး
"ခင်ဗျားက တော်တော်ချစ်စရာကောင်းတော့ မနေ့က ကျွန်တော်သာ အိမ်မှာမရှိရင် ဒီနေ့ သူနဲ့ အတူတူ အိပ်ရာက နိုးဖြစ်လောက်တယ် ...ဟုတ်တယ်မလား?"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now