Ch 38 မျှော်လင့်ချက် အားလုံး ဆုံးရှူံးသွားခြင်း

10.2K 725 80
                                    

For Unicode

ယန်မင်ရှို့ သည် ကျိုရှန်း ကို အိပ်ခန်းထဲသို့ ပွေ့လာပြီး ကုတင်ပေါ် လှဲချလိုက်သည်။ ထို့နောက် ကျိုရှန်း ၏ အကျီအတွင်းခံနှင့် အပြင်ဘောင်းဘီကို ဖယ်ရှားလိုက်သည်။

ကျိုရှန်း အဆက်မပြတ် ကန်ကြောက်မှုကို ယန်မင်ရှို့လည်း ခံရသည်။ ဒီထိုးကြိတ်မှုတွေကြောင့် သူ့မျက်နှာမှာလည်း ပွန်းပဲ့နေပြီး သူ့အမူအရာက ကြည့်မကောင်းလောက်အောင်ကို ဆိုးရွားနေ၏။ ကျိုရှန်း ကို နှိမ်နှင်းရန် အားထုတ်မှု က သူ့အား ချွေးသီးများပင် ထွက်လာသည်။

ကျိုရှန်း ကြိုးချည်ခံရပြီး မလှုပ်နိုင်တော့ဘဲ ယန်မင်ရှို့ကို အေးစက်စွာသာ ကြည့်နေနိုင်သည် ။

ယန်မင်ရှို့သည် ကျိုရှန်း၏ အတွင်းခံမှလွဲ၍ ကျန်အ၀တ်အစားများကို ဖယ်လိုက်ပြီး စောင်တစ်ထည်ကို ခြုံကာ
"နောက်နှစ်ရက်လောက်ထိ ဒီအတိုင်းနေလိုက်ပါ... အပြင်ထွက်ဖို့ မစဉ်းစားနဲ့...ကျွန်တော်စောင့်ကြည့်နေမယ်။"

ကျိုရှန်း က အေးစိမ့်စိမ့်အကြည့်ဖြင့်
"ယန်မင်ရှို့၊ မင်း လူယုတ်မာ"

ယန်မင်ရှို့ က ဒေါသအမျက်ထွက်နေသော မျက်နှာကို ထိလိုက်ပြီး
"ရုပ်ရှင်ရုံတင်ပွဲပြီးရင် ခင်ဗျားကို လွှတ်ပေးမယ်... ကျွန်တော် ပြောထားတဲ့အတိုင်း လုပ်‌ေပးမယ်.. တနင်္လာနေ့ ကျ ဒါရိုက်တာ ကျန်းလင်ဆီ ခင်ဗျားကိုခေါ်သွားမယ်...  အရင်က သူ ရင်းနှီးမြုပ်နှံသူတွေကို ရှာနေတာ... ခင်ဗျားကို ခေါင်းဆောင်မင်းသားဖြစ်အောင် ကျွန်တော်အကြံပေးလိုက်မယ်.... ဒီအခန်းက တုန်ကော ရဲ့ ဇာတ်ရုပ်ထက် ပိုဆိုးတာမဟုတ်ဘူး... ခင်ဗျားဘာတွေများ မကျေမနပ်ဖြစ်နိုင်မလဲ။

ကျိုရှန်း ၏ ဂျစ်ကန်ကန်မျက်ဝန်းများက ချက်ချင်း လှန်ကြည့်ကာ
"ယန်မင်ရှို့၊ ငါလိုချင်တာက ဝမ်ယုတုန် ရဲ့ နေရာလို့ ပြောရင်ကော?"

ယန်မင်ရှို့ က မျက်ခုံးလေးပင့်လိုက်ပြီး
"တုန်ကော ရဲ့ ဇာတ်ရုပ်ကို တကယ်လိုချင်တာလား ဒါမှမဟုတ် လန်ရှီရုံ နဲ့ အတူတူ သရုပ်ဆောင်ချင်တာလား။"

"ဝမ်ယုတုန် ရဲ့ ဇာတ်​​ဆောင်​ကို လိုချင်​တယတယ်... ပေးမှာလား"
ကျိုရှန်း သည် အံကြိတ်ကာ သူ့ကို ကြည့်လိုက်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now