Ch 81 သူငယ်ချင်းများက ရှာဖွေတွေ့ရှိသွားခြင်း

10.9K 929 34
                                    

For Unicode

"ဖေဖေနဲ့မေမေကို သားတောင်းပန်ပါတယ်…  မေမေတို့ ပေးထားတဲ့ ခန္ဓာကိုဟ်ကို သား မကာကွဟ်နိုင်ခဲ့ဘူး…  သားက သေသွားပြီ … ဒါပေမဲ့ သားနိုးလာတော့ သူများ ခန္ဓာထဲ ရောက်နေတာ သေအံ့ဆဲဆဲဖြစ်ခဲ့တာက ဘာမှ မဟုတ်ပါဘူး…  ဖေဖေတို့နောက်ကို သားလိုက်နိုင်ပါတယ် … ဒါပေမဲ့အခု သားအသက်ရှင်နေတုန်းပဲ…  သူများ ခန္ဓာကိုဟ်ထဲရောက်နေတာတောင် သားက ရှင်သန်ချင်နေတုန်းပဲ … ဖေဖေတို့ ရှင်သန်စေချင်တဲ့နည်းမဟုတ်တာကို သိနေပေမဲ့လည်းလေ သားက ………"

ကျိုရှန်းသောက်နေလိုက် ယုတ္တိမရှိသောအရာများနှင့် ပတ်သက်၍ ပြတ်တောင်းပြတ်တောင်း ပြောဆိုလိုက်ဖြင့်သာ။. သူ့နှလုံးသားထဲမှာ ဘယ်သူ့ကိုမှ ပြောမပြနိုင်သော လျှို့ဝှက်ချက်တွေ အများကြီးရှိသည်၊ ယခု သူ စိတ်ရှင်းချင်လာ၍  သူ့မိဘများအား သူ့နှလုံးသားထဲတွင် ဖိနှိပ်နေသောအရာအားလုံးကို ပြောပြလိုက်သည်

အချိန်ကိုလည်း မသိတော့ ဘဟ်ရောက်နေသည်ဆိုသည်ကိုလည်း သူမမှုတော့

သူ့နောက်မှခြေသံများ ကြားရသောအခါ သူလှည့်မကြည့်မီ တုန်ယင်မှုနှင့် ရှုပ်ထွေးမှုများ ရောစပ်နေသော ရင်းနှီးသောအသံကို ကြားလိုက်ရသည်။ 

"အားရှန်း လား"

ကျိုရှန်း၏ ခန္ဓာကိုယ် တောင့်ခဲသွားသည်

သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားကာ မြေကြီးပေါ် ထိုင်နေသော ကျောပြင်ကို ချိုင့်ဝေကြည့်နေမိသည်။ ကြီးမားသော မျှော်လင့်ချက်နှင့်တကွ ဒေါသတရားသည် သူ့စိတ်ထဲက ခုန်ထွက်လာသည်။

ကျိုရှန်း လှည့်ကြည့်မိတော့ ချိုင့်ဝေနှင့် အမူအရာတူနေသည့် လန်ရှီရုံကိုပါ တွေ့လိုက်ရသည်။ လန်ရှီရုံက သူ့ကို မကြည့်  မျက်လုံးများကနီရဲကာ နှုတ်ခမ်းများက သွေးမရှိသလို ဖြူဖျော့နေသည်။

ကျိုရှန်းသည် ယခင်က လှည့်ကြည့်ခြင်းကဲ့သို့သော ရိုးရှင်းသောလှုပ်ရှားမှုအတွက် သူသည်စွမ်းအားများစွာ လိုအပ်သည်ဟု မထင်ခဲ့ပါ  သူသည် မိမိကိုယ်ခန္ဓာကိုလှည့်ရန် မိမိကိုယ်ကို အတင်းဖိအားပေး၍ ကျန်ခဲ့သည့် မည်သည့်အစွမ်းကိုမဆို အသုံးပြုနေရသည် သူနှင့်ရင်းနှီးကျွမ်းဝင်သူနှစ်ဦး ဖြစ်သော ချိုင့်ဝေ နှင့် လန်ရှီရုံတို့ကို သူမြင်သည်။ ထိုအချိန်တွင် သူ့နှာခေါင်းသည် တင်းမာနေသည်။ သူ့မျက်လုံးရှေ့တွင် လျင်မြန်စွာ မှုန်ဝါးနေသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now