Ch 65 မိခင်တစ်ယောက်၏ သတိပေးခြင်း

10.5K 900 22
                                    

For Unicode

စားသောက်ပြီးနောက် ကျိုရှန်း မီးဖိုချောင်ကို ရှင်းလင်းလိုက်သည်။

ထိုအချိန်၌ပင် ယန်မင်ရှုိ့သည် ဖုန်းပြောပြီး၍ ဧည့်ခန်းသို့ ပြန်ဝင်လာ၏

ကျိုရှန်း ကုတ်အကျီင်္ကို ဆွဲချလိုက်ပြီး ပြန်ချင်နေပြီဖြစ်သော်လည်း ကိုယ်တော်၏ ခွင့်ပြုချက်ကို စောင့်နေရသေးသည်
"သူဌေးယန် ကျွန်တော် အရင် ပြန်လို့ရမလား"

ယန်မင်ရှုိ့က စွေကြည့်လာပြီး အဖြေပြန်မပေး

ကျိုရှန်းမှာ ကုတ်အကျီင်္ကို နောက်တစ်ကြိမ် ဆွဲချလိုက်ပြီး အဖြေကို စောင့်နေမိသည်။

ယန်မင်ရှုိ့က ရုတ်တရက်မေးလာသည်
"မင်း အိမ်က ဘယ်မှာလဲ"

"ဒီနေရာနဲ့ နီးပါတယ်"
သူဘာကြောင့်မေးမှန်း ကျိုရှန်း မသိသောကြောင့် ဖြည့်ပြောလိုက်သည်။
"သူဌေးယန် ခေါ်တဲ့အချိန်တိုင်း ကျွန်တော် လာနိုင်ပါတယ်ခင်ဗျ"
ကျိုရှန်း ပြောပြီးနောက် မဲ့ပြုံး မသိမသာ ပြုံးမိသည်။ ထိုအခိုက်အတန့်ကိုလည်း ယန်မင်ရှို့က အမိဖမ်းလိုက်နိုင်၏

ယန်မင်ရှို့ မတ်တပ်ထရပ်လိုက်ပြီး
"ငါ မင်းကို လိုက်ပို့ပေးမယ်"

"ယန် မလိုပါဘူး ... ကျွန်တော့အိမ်က အနီးလေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်တာနဲ့ ပြန်ရောက်ပါတယ် ... ကိုယ့်ဘာသာပဲ ပြန်လိုက်ပါ့မယ်"

ယန်မင်ရှို့က သူ့ကို ငြင်းခွင့်မပေး အကျီင်္တောင် ဝတ်ပြီး ဖြစ်နေသည်။ ဇွဲကောင်းသည့်ဟန်
"ငါ မင်းကို လိုက်ပို့ပေးမယ်"

ကျိုရှန်း မငြင်းးနိုင်တော့ပါ

ယန်မင်ရှို့က သူ့ကို ရပ်ကွက် ပတ်ဝန်းကျင်သို့ ခေါ်သွားပြီးနောက် သူကလည်း ပြန်လှည့်မည့်ပုံ မပေါ်ချေ။ ကျိုရှန်းကို ကားဖြင့်လိုက်ပို့ရင်း သူကပြောသည်
"မင်းပြောတော့ မင်းအမေက နေမကောင်းဘူးဆို ငါလိုက်လည်လို့ရမလား"

ကျိုရှန်း 'အမူအရာသည် မသိမသာပြောင်းသွားပြီး
"သူဌေးယန် မသင့်တော်ပါလိူ့ပါ ... ကျွန်တော့အိမ်က သေးသေးလေး ... ယန်မင်ရှို့ လို အထက်တန်းစားနဲ့ ဘယ်လိုများ သင့်တော်ပါ့......"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now