Ch 75 ယန်မင်ရှို့ကို ရှာဖွေခြင်း

10.7K 879 18
                                    

For Unicode

ကျိုရှန်း ဟိုတယ်ပတ်လည်တွင် အရင်ဆုံး လမ်းလျှောက်လိုက်သည်။ အကယ်၍ ယန်မင်ရှို့သာ ဟိုတယ်က ထွက်မသွားပါက အခန်းပြန်၍ အိပ်နေပေလိမ့်မည်ဟု သူတွေးမိသည်။ ထိုသို့ဆိုလျှင် သူအေးခဲနေလိမ့်မည်မဟုတ်။ ထို့ကြောင့် ဟိုတယ်ပတ်ပတ်လည်ကို လျှောက်ကြည့်သော်လည်း ဟိုတဟ်ကကြီးသောကြောင့် သူမရှာနိုင်။ အရှေ့ခုံတွင်ရှိနေသော အန်တီသည် QQတွင် စကားပြောရန်သာ အလွန်အမင်း စိတ်အားထက်သန်နေသောကြောင့် ညဝတ်အကျီင်္ဝတ်ထားသောသူ တစ်ယောက်ယောက် အပြင်ထွက်သွားသည်ကို တွေ့မိလားဟုသူမေးသောအခါ ပါးစပ်အဟောင်းသားဖြင့် မသိပါဟုသာ ဖြေလာသည်။

နောက်ဆုံး ထိုအန်တီက တံခါးကို စစ်ကာ တစ်စုံတစ်ယောက် ထွက်သွားကြောင်းကို အတည်ပြုပြောလာသည်။ တံခါးသည် အလုပ်ကောင်းကောင်းမလုပ်သောကြောင့် တံခါးအကြောင်းမသိသူများက တံခါးကို အံဝင်အောင် ဘယ်လိုပိတ်ရမလဲဆိုသည်ကို မသိကြ

ကျိုရှန်း အနည်းငဟ်ထိတ်လန့်သွားသည်။ ယန်မင်ရှို့သာ တခုခု ဖြစ်ပါက ကံဆိုးသူမောင်ရှင်မှာ လက်ထောက်ဖြစ်နေသော သူသာပင်။ အထူးသဖြင့် ဝမ်ယုတုန်က သူ့ကို အလွတ်ပေးမည်မဟုတ်

အန်တီဆီက ဓါတ်မီးငှားကာ အပြင်သို့ ထွက်လာလိုက်သည်။

ရွာရှိလူများက စောစီးစွာအိပ်ကြသောကြောင့် ညဆယ်တစ်နာရီအထိ မီးထွန်းထားသော အိမ်ထောင်စုက များများစားစားမရှိချေ။ တစ်ရွာလုံး ပိန်းပိတ်မှောင်နေသည်။ ဘယ်ကအရင်စရှာမလဲမသိသောကြောင့် ကျိုရှန်း တစ်ယောက် မတ်တပ်အကြာကြီး ရပ်နေမိသည်။

သူ့မှာအော်လည်း မအော်နိုင် တယောက်ယောက်ကိုလည်း အချက်မပြနိုင် အကယ်၍ ယန်မင်ရှို့သာ ပြန်ရောက်လာပါက အခက်အခဲကြုံအောင် လုပ်မိသလို ဖြစ်မည်ကိုလည်း စိုးရိမ်မိသည်။ ကုတ်အကျီင်္ကို တင်းနေအောင် ဆွဲစေ့ပြီးဓါတ်မီးကို ရှေ့ထိုးလိုက် နောက်ထိုးလိုက်ဖြင့် ယန်မင်ရှို့ကို အသံခပ်အုပ်အုပ်ဖြင့် ခေါ်ကာ ရွာထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ရွာလမ်းဆုံးရောက်သောအခါ ညသန်းခေါင်တွင် ချိန်းတွေ့နေကြသော လူငယ်စုံတွဲတစ်တွဲနှင့် တွေ့ရသည်။ အလင်းရောင်က သူတို့နှစ်ဦးအပေါ် ဖြာကျသွားသောအခါ ကျိုရှန်းသည် ထိုအခွင့်အရေးကို အမိအရယူကာ ညဝတ်အင်္ကျီနှင့် လူကို တွေ့မိလားဟု မေးလိုက်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now