Ch 27 လက်လွှတ်မခံလို

7.1K 558 8
                                    

For Unicode

ကျိုရှန်း သည် နောက်ဆုံးတွင် အပြင်မှာ ဝေလေလေ လုပ်မနေတော့ဘဲ တစ်ညတာ အိပ်ရန် ဟိုတယ်တစ်ခုကို ရှာဖွေခဲ့သည်။ အိမ်က သူ့အိမ်ဖြစ်သော်လည်း ထွက်လာရသူမှာ သူဖြစ်နေရသောအခါ

နေ့လယ်အထိ အိပ်‌ေပျာ်သွားရာ ဗိုက်ဆာမှ နိုးတော့သည်။

သူ အိပ်ရာထပြီးနောက် မနေ့ က ဖြစ်ပျက်ခဲ့သမျှ အားလုံးကို တွေးတောရင်း ဤအကျွမ်းတဝင် မဟုတ်သော ဟိုတယ်တွင် အကြာကြီး ထိုင်နေခဲ့သည်။ ပိုတွေးလေ ခေါင်းကိုက်လေလေ ။

ရေချိုးပြီး အောက်ထပ်ကိုဆင်း စစ်ဆေးကြည့်တယ်။ ဤအချိန်သည် နေ့ခင်းဘက်တွင် အဆူညံဆုံးအချိန်ဖြစ်သည်။ နေရောင်က သူ့မျက်လုံးတွေကို စူးစူးရဲရဲ စိုက်ကြည့်နေသလို။ ဤမျှသာယာသော ရာသီဥတုရှိ‌‌ေနသည်ကိုပင် သူ့စိတ်က မှုန်ကုပ်ကုပ် ဖြစ်နေသေးသည်။

ကားထဲမှာ အချိန်အတော်ကြာ ထိုင်ပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

အိမ်မပြန်ဘဲ ဆက်မနေနိုင်တော့။ ရှောင်နေလို့ ပြီးသွားမည့်အရာမဟုတ်။

မနေ့က ယန်မင်ရှို့ နဲ့ စကားများခဲ့သည်ကို နောင်တရသွားသည်။ ယန်မင်ရှို့၏ ထိုသို့သော ဒေါသကို သိနေသော်လည်း စကားများမိခဲ့သည်။ ဒါပေမယ့်လည်း မနေ့က သူတကယ်ပဲ တောင့်ခံထားမယ်ဆိုရင် ယန်မင်ရှို့  နောက်ပိုင်းပြောခဲ့တဲ့ စကားတွေက သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ပိုခက်ခဲလာလိမ့်မည်လေ

ဒေါသလည်း မထွက်တော့ဘူး။ နာကျင်ခံစားခဲ့ရပြီးသွားလို့သာဖြစ်မည်။

အေးအေးဆေးဆေး စဉ်းစားပြီးသောအခါ၊ သူသည် ယန်မင်ရှို့ နှင့် အခုလို လမ်းခွဲဖို့ မလိုလားသေးပေ။ သူ ဒီဆက်ဆံရေးအတွက် အများကြီး အားထုတ်ထားရတာ။ သူ့ကို စွန့်လွှတ်ဖို့ ဘယ်လိုလွယ်နိုင်ပါ့မလဲ။ ယန်မင်ရှို့ က သူ့ကို မကြိုက်ရင်တောင်မှ ယန်မင်ရှို့ ကို သဘောကျတာက သူ့ကိုယ်သူ ထိန်းချုပ်လို့ မရဘူး။

ဒါနဲ့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ယန်မင်ရှို့ အိမ်မှာရှိနေရင် အေးအေးဆေးဆေးထိုင်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးရမညိ။ သူတို့ကြားထဲမှာ နားလည်မှုလွဲနေတာတွေရှိ‌ေလ‌ေတာ့ စကားပြောပြီးရင် အားလုံးအဆင်ပြေသွားနိုင်ပါသည်။ ထို့ကြောင့် အမြန်မောင်းပြီး အိမ်သို့ပြန်ခဲ့သည်။ ဒါပေမယ့် သူ့ကို စိတ်ပျက်စေတာက ယန်မင်ရှို့ အိမ်မှာ မရှိတာပါဘဲ။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now