Ch 32 ဝမ်ယုတုန်ကို အပြစ်လုပ်မိခြင်း

6.7K 558 19
                                    

For Unicode

ကျိုရှန်း ၏ မျက်နှာ ဖြူဖျော့သွားသည်။ ခေါင်းမမော့ဝံ့။ လူများ၏ မျက်လုံးအစုံကို သူခံစားနိုင်သည်။ စူးစူးရှရှ မျက်လုံးများသည် အပ်များနှင့်တူသောကြောင့် ထိုင်မရ ထမရ ဖြစ်နေရ၏

ဒါရိုက်တာဝမ် နဲ့ ၀မ်ယုတုန် ကို သူ့နှလုံးသားထဲမှာ အကြိမ်တစ်ရာ ကျိန်ဆဲလိုက်သည်။ ဒီလူယုတ်မာနှစ်ယောက် ရန်ဖြစ်နေကြတာ ဘာကြောင့် သူ့ကို အမြဲပါဝင်နေရမှာလဲ။

သူ‌ေဌးဝမ်က လေထုကို ပြေလျော့အောင် ကြိုးစားပြီး
"Aiyah ဒါရိုက်တာ ဝမ်၊ စိတ်အေးအေးထားပါ မင်းတို့ နှစ်ယောက်ကြားက နားလည်မှုလွဲမှားတာတွေ ရှိ‌ေနတယ်... အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ ဆွေးနွေးကြရအောင်... ဒီလောက်ထိ ဖြစ်နေစရာ မလိုပါဘူး"

ဒါရိုက်တာဝမ် အတော်လေး ဒေါသထွက်နေပါသည်။ သူက မတ်တပ်ထရပ်ပြီး စားပွဲကို ဒုန်းခနဲခေါက်လိုက်ပြီး
"ဘာမှ ဆွေးနွေးစရာ မရှိပါဘူး...  ကျိုရှန်း က ကောင်းမယ်ထင်တယ် ဒီဇာတ်ကောင် ကျိုရှန်းကို သ‌ရုပ်ဆောင်ခိုင်းလိုက် .. ကျိုရှန်း၊ မင်း ဒီဇာတ်‌ေကာင်ကို လက်ခံရဲသလား"

ကျိုရှန်း မော့ကြည့်လိုက်တော့ ၀မ်ယုတုန် ရဲ့ မျက်လုံးတွေက သူ့မျက်နှာပေါ် စူးစူးရှရှကျသွားတဲ့ ဓားတစ်ချောင်းလိုပါပဲ။ ကျိုရှန်း က မချိပြုံး ပြုံးကာ
"ဒါရိုက်တာဝမ်... အရမ်းနောက်တာပဲ"

"မင်းကို ဘယ်သူက နောက်‌ေနလို့လဲ... ငါ့ဘဝမှာ စနောက်တယ်ဆိုတာ မရှိဘူး... ငါတစ်သက်လုံး ရုပ်ရှင်တွေ ရိုက်လာတာ... အပွေးမြင်ရင် အပင်သိတယ်ကွ... မင်း လုပ်နိုင်မယ် လို့ ငါက ခံစားလို့ရရင် မင်း သေချာပေါက် လုပ်နိုင်လို့ပဲ... အခုသဘောတူလိုက်တာနဲ့  မင်းသဘောတူတဲ့အတိုင်းပဲ ဇာတ်ဆောင်နေရာက မင်းပဲ"

ရင်းနှီးမြုပ်နှံသူ အများအပြားသည် ငြိမ်ငြိမ်မနေနိုင်ဘဲ ရန်ဖြစ်နေကြသော သူတို့ကြား ပြေလည်အောင် ဆောင်ရွက်ပေးကြသည်။

သူတို့ဟာ ဒီဇာတ်ကားအတွက် ငွေကြေးရင်းနှီးမြှပ်နှံပြီး ၀မ်ယုတုန် ကို ထိပ်တန်းမင်းသားအဖြစ် လူသိရှင်ကြား ကြော်ငြာခဲ့ပြီးသား‌ေလ။ ဒီတော့ နောက်ဆုံးမိနစ်မှာ မသိသေးတဲ့ စတန့်သမားကိုဇာတ်ဆောင်နေရာ ပြောင်းလိုက်တာက ဘယ်သူက အဆင်ပြေမှာလဲ။ သူဌေးဝမ်တောင် အဆင်ပြေမှာ မဟုတ်ဘူး။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now