Ch 71 သူပြန်မလာချင်တာပါ

11.6K 890 52
                                    

For Unicode

တန်ယင်းသည် ဘေးပတ်ဝန်းကျင်ရှိလူများက သူ့ကိုသိနေသည့်အတွက် လေယာဉ်ပေါ်တွင် ဘာမှဆက်မပြောတော့ဘဲ ကျိုရှန်းကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ပါခွင့်ပေးလိုက်သည်။

လေယာဉ်ဆိုက်သောအခါ တစ်ယောက်ပြီးတစ်ယောက် ထွက်ကြ၏။ ကျိုရှန်းက ပထမတန်းက ဖြတ်သွားသောအခါ ယန်မင်ရှို့က သူ့ခုံတွင် စာအုပ်ဖတ်နေသည်ကို  တွေ့ရသည်။ ယန်မင်ရှိုဘက သူ့ဘေးခုံကို မေးငေါ့ပြ၍ အမိန့်ပေးသည်
"ဒီမှာ လာထိုင်"

ကျိုရှန်းမှာ ပြောသည့်အတိုင်းသာ ထိုင်ရသည်။

ယန်မင်ရှို့က
"ငါ့လက်ထောက်ကိုခေါ်မလာဘူး… ဒီရက်ပိုင်း မင်းက ငါ့လက်ထောက်နေရာကို ဝင်ရမယ်"

အဓိက မင်းသား မင်းသမီးများအားလုံး ထိုစကားကိုကြားသောအခါ ကျိုရှန်းကို မနာလိုစိတ်များဖြင့် သူ့နေရာကို အစားထိုးယူနိုင်သည်ဟူသော မျှော်လင့်ချက် များဖြင့် ချက်ချင်း ဝိုင်းကြည့်ကြသည်။ ကျိုရှန်းနောက်က လိုက်လာသည့် တန်ယင်းက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေပြီး သူ့စိတ်ထဲတော့ တစုံတရာကို တိတ်တိတ်လေး ကြံစည်နေသည်။

ကျိုရှန်း
"လက်ထောက် ကျီအန်းကို ဘာလို့ ခေါ်မလာတာလဲ"

"သူ့ကို တခြားဟာတွေ ခိုင်းထားလိူ့"

'ဒါဆိုလည်း တခြားတစ်ယောက်ကို ဘာလို့မခေါ်လဲ"
ဝမ်ယုတုန်ဆို သူတစ်ယောက်တည်းအတွက် လူကိုးယောက်ခေါ်သည်။ နာမည်ကြီး ခေါင်းဆောင်မင်းသမီးဆိုလျှင် လူလေးယောက်ခေါ်လာသည်။ ယန်မင်ရှို့ တစ်ယောက်သာ ဘယ်သူ့မှ ခေါ်မလာခဲ့

ယန်မင်ရှို့က မပြောချင် ပြောချင်ဖြင့်
"ငါ့နောက်က လိုက်မယ့်သူကို သူစိမ်းတွေကို ခေါ်လေ့မရှိဘူး"

ထွက်သွားသော လူများကို ကြည့်လိုက်ပြီး ယန်မင်ရှို့က
"သွားမယ်"

ကျိုရှန်းက သတိတရဖြင့် ယန်မင်ရှို့အိတ်ကိုပါ ဆွဲလိုက်ရသည် လူတစ်ယောက်အိတ်နှစ်လုံးဖြင့် လေယာဉ်ပေါ်မှ ဆင်းလာသည်။ ကံကောင်းထောက်မစွာဖြင့် ယောက်ျားလေးဟူသည် များများစားစား သယ်လေ့မရှိ။ သူ့အတွက်နှစ်စုံသာ ထည့်လာသည်။ ယန်မင်ရှို့က နာမည်ကြီး ဖြစ်သော်လည်း ထိုအရာများကို ဂရုထားဟန်မရှိပါပေ။ ကျိုရှန်း ထည့်ပေးသလိုသာ အိတ်ကို ယူလာသည်

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now