Ch 49 ကိုယ့်အိမ်ကိုယ်ပြန်ခိုးဝင်ရခြင်း

8.1K 644 5
                                    

For Unicode

လက်ထောက်ကျန်းသည် ကျိုရှန်း ထံမှ ဖုန်းလက်ခံရရှိသောအခါ သူ မအံ့သြ‌ေတာ့။ သူနဲ့ အဆက်အသွယ်ရချင်သူတွေမှ အများကြီးပဲ။ သို့သော်၊ ကျိုရှန်း ကို တခြားသူတွေ ဆက်ဆံသလို မဆက်ဆံရဲ။ သူ့ရဲ့ သူဌေးကြီးက ကျိုရှန်း ကို ထမင်းစားဖို့ ဖိတ်တယ်‌ေလ
သူ ယန်မင်ရှို့ မှာ အလုပ်လုပ်ခဲ့တာ တစ်နှစ်ကျော်‌ေနပြီ။ လူတယောက်ကို ဒီလောက် အာရုံစိုက်တာ တစ်ခါမှ မတွေ့ဖူး။ သူဌေး ဘာတွေတွေးနေလဲ ဘယ်သူသိမလဲ။ ကျိုရှန်း ကို မစော်ကားနိုင်မှန်း သူသိသည်။

နှစ်ယောက်သား ခဏတာ ယဉ်ကျေးစွာ စကားစမြည်ပြောကြသည်။ ကျိုရှန်း သည် လက်ထောက်ကျန်းကို အလုပ်အကိုင်း အဆက်အသွယ်တွေနဲ့ မိတ်ဆက်ပေးချင်သည်ဟု အကြောင်းပြကာ ယန်မင်ရှို့ ၏ ခရီးစဉ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

ကျိုရှန်း သည် ပို၍တိကျသောအချိန်ကို ရရှိခဲ့သည်။ ယန်မင်ရှို့ သည် လာမည့် ကြာသပတေးနေ့တွင် ချုံချင် သို့ လေယာဉ်စီးမည်ဖြစ်သည်။ ဒါပေမယ့် အနုပညာ လုပ်ငန်းနဲ့ ပတ်သက်တာ မဟုတ်ဘဲ သူ့ကိုယ်ပိုင် လုပ်ငန်းနဲ့ ပတ်သက်ခြင်းသာ။

အနုပညာ အသိုင်းအဝိုင်းမှ လူအများစုကို ယန်မင်ရှို့ ကို သူဌေးယန်ဟုခေါ်သည်။ သူက အစီအစဉ် အမျိုးမျိုးတွင် ပါဝင်ရန် သို့မဟုတ် အများသူငှာ လှုပ်ရှားမှုများတွင် ပါဝင်ရန် အဆက်မပြတ် ခေါ်နေကြသော တခြား အနုပညာရှင်များနှင့်မတူ။ ယန်မင်ရှို့ မှာ သူ့ကိုယ်ပိုင်ကုမ္ပဏီရှိပြီး ဝင်ငွေလည်းကောင်းသည်

ရိုက်ကူးခြင်း သို့မဟုတ် ကြော်ငြာခြင်းအပြင် ယန်မင်ရှို့ သည် မည်သည့်လူမှုရေးလှုပ်ရှားမှုများတွင်မဆို ပါဝင်ခြင်းမရှိ။ လူတွေမေ့မသွားအောင်သာ တခါတရံ ကြော်ငြာ လက်ခံဖြစ်သည်။

လက်ထောက်ကျန်း ၏ အဆိုအရ ယန်မင်ရှို့ သည် ချုံချင် တွင် အစည်းအဝေးလုပ်မည်ဖြစ်ရာ အနိမ့်ဆုံး တနင်္ဂနွေနေ့အထိ ပြန်လာနိုင်မည် မဟုတ်ပေ။

ကျိုရှန်း သည် နောက်ထပ် မတွန့်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ကြာသပတေးနေ့ညတွင် အရေးယူမည်ဖြစ်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now