🛑Ch 114 ကျိုရှန်းသည် သူ၏ရပ်တည်မှုအားယန်ဖေးထံသို့ရှင်းရှင်းလင်းလင်းပြောပြခြင်း

15.8K 680 20
                                    

ကျိုရှန်းသည် ခေါင်းကိုတစ်ချိန်လုံးငုံ့ထားခဲ့ပြီး စီးကရက်မှ ပြာသည် သူ၏ခြေထောက်ပေါ်သို့ ကျသွားသည်။ သူဆေးကြောသန့်ရှင်းစွာ ထားခဲ့သည့်ကော်ဇောပေါ်တွင် အစက်အပြောက်များလို လောင်ကျွမ်းစေခဲ့သည်၊ သို့သော် သူ နားလည်သဘောမပေါက်နိုင်သေး။

ယန်မင်ရှို့ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး
"ရှန်းကော တန်ပြန်လုပ်‌ေဆာင်ချက်‌ေတွကြောင်း ကျွန်တော် စဉ်းစားပြီးပါပြီ… ဒါပေမယ့်အဲ့ဒါက အလုပ်ဖြစ်မလားဆိုတာ မပြောတတ်သေးလို့ ကောကို မပြောပြသေးတာပါ… ကော နားထောင်ချင်ရဲ့လား "

ကျိုရှန်း ခေါင်းကိုခါလိုက်သည်။
“ နားမထောင်ဘူး …အခုမဖြစ်နိုင်သေးဘူး … ငါတစ်ယောက်တည်း နေပါရစေ"

"အိုကေ၊ ကောတစ်ယောက်တည်းနေဖို့ အချိန်ပေးမယ်…  မနက်ဖြန်ညမှာ ပြန်လာမယ်…  ကော ဒီမှာမရှိရင် ရှိတဲ့နေရာ ကျွန်တော် လာခေါ်မယ်"

ကျိုရှန်း ခေါင်းမော့လာကာ ယန်မင်ရှို့ ကို သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည် -
“ မင်းအရင် ထွက်သွားပေးပါ"

ယန်မင်ရှို့သည် ခေါင်းကိုလှည့်၍ အဝတ်အစားများကို ဆုပ်ကိုင်ကာ ထွက်ခွာသွားသည်။

ကျိုရှန်း ကတော့ နာကျင်စွာ ပြုံးနေပါသည်။

ပြသနာက သူတို့ဆီကလား ဒါမှမဟုတ် သူတို့ဝန်းကျင်ကလား။ သူတို့လို အလိုနည်းတဲ့သူတွေဆီမှာမှ ဒါတွေက ဘာလို့ဖြစ်နေရတာလဲ  သူနဲ့ ယန်မင်ရှို့ တို့ဟာ လမ်းကြောင်းမှန်ပေါ်ကိုပြန်လှည့်လာဖို့ အလွန်အမင်း လိုချင်ခဲ့ကြပေမယ့် ထပ်ခါထပ်ခါအမှားတွေ လုပ်မိခဲ့ကြခြင်းသာ။ သူတို့ကို ဆန့်ကျင်နေသော  မမြင်နိုင်သော အင်အားတစ်ခုရှိသလိုပင်။ မည်မျှပင်ကြိုးစားပါစေ သူတို့ကိုယ်သူတို့ မလွတ်မြောက်နိုင်ပါ။

ချစ်ခြင်းမေတ္တာစစ်မှန်လျှင် လမ်းခရီးသည် ကြမ်းတမ်းစမြဲပင် မဟုတ်ပါလား။ ထို့ကြောင့် အခက်အခဲဆိုသော အဓိပ္ပါယ်သည် ကင်းမဲ့ရမည်။

ကျိုရှန်း သည် အစမှအဆုံး ဖြစ်ပျက်ခဲ့သမျှအတွက် မရေမတွက်နိုင်သော မကျေနပ်မှုကိုပင် စတင်ခံစားရသည်။ ဒီကံကြမ္မာမှ နှုတ်ထွက်ရန် သူတကယ်ကို စိတ်မပါ။ သူနှင့် ယန်မင်ရှို့ တို့အတွက် သူတစ်ပါး၏ ကြိုးကိုင်ခြယ်လှယ်မှုကို ယခုလို ဘာမျှ ဖြစ်စရာမလိုပေ။

လူစားထိုးသရုပ်ဆောင် (Completed)Opowieści tętniące życiem. Odkryj je teraz