Ch 33 ဝမ်ယုတုန်ရဲ့ အစားထိုး ဖြစ်ကြောင်း သိရှိသွားခြင်း

8.4K 609 24
                                    

For Unicode

ကျိုရှန်း က ကြောင်တောင်တောင် ကြည့်ရင်းသူနားကြားမှားသလားဟု‌ေတာင် ထင်မိပါသည်။

ယန်မင်ရှို့ က တုန်ကော ဟု နောက်ထပ် အော်လိုက်သည်။  ယန်မင်ရှို့ သည် ကျိုရှန်း ထံ ခန္ဓာကိုယ် ပစ်သွင်းပြီး မျက်ရည်းများစီးကျကာ တုန်ကောဟု ခေါ်လိုက်ရင်း နမ်းလိုက်ပြန်သည်။

ကျိုရှန်း ၏တစ်ကိုယ်လုံး လျှပ်စီးလက်သွားသလို ခံစားလိုက်ရပြီး ယန်မင်ရှို့က သူ့ကို နမ်းနေတာတောင် ဘယ်လို တုံ့ပြန်ရမှန်းမသိတော့

တုန်ကောတဲ့လား ? သူဘယ်သူ့ကို ခေါ်နေတာလဲ။

ကျိုရှန်း ရှေ့မြင်ကွင်းများ အုံ့ဆိုင်းသွားသလုိ။ ၀မ်ယုတုန် ၏ သန့်စင်ပြီး ကြော့ရှင်းသော အသွင်အပြင်သည် သူ့မျက်လုံးများရှေ့တွင် အဆက်မပြတ် ပေါ်လာသည်။ ယန်မင်ရှို့ ဝမ်ယုတုန်ကို ဆက်ဆံသည့် အမူအရာနှင့် သူ့ဗီဇစရိုက်သည် အလွန်ကွာခြားပါသည်။ သူအရင်က ဘယ်လိုမှ သတိမထားမိနိုင်ခဲ့ပါဘူး။ ယန်မင်ရှို့ က ၀မ်ယုတုန် ရဲ့ ယောက်ဖလောင်းများ ဖြစ်နေလို့လား‌ေပါ့။

ယန်မင်ရှို့ က ဘာလို့ သူနဲ့အတူရှိနေရတာလဲ။ လိင်ဆက်ဆံတိုင်း နောက်ကျောအနေအထားကို ဘာလို့ အသုံးပြုရတာလဲ ၀မ်ယုတုန် ရဲ့ စေ့စပ်ပွဲနေ့မှာ သူဘာလို့ အရက်မူးနေတာလဲ။ အားလုံးက အဖြေရှိနေပြီ။

ကျိုရှန်း သည် စူးရှထက်မြက်သော ဓားတစ်ချောင်း သူ့ကို ထိုးသွင်းသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသလို။

ဤမျှ ပြင်းထန်သော ဝေဒနာကို သူ တစ်ခါမျှ မခံစားဖူး။

ယန်မင်ရှို့ က တစ်သက်လုံး သူ့ကို မကြိုက်တာကို လက်ခံနိုင်တယ်။ ဘယ်သူမှ အပြစ်မရှိပါဘူး။ ဒါ​ပေမယ့်​ သူ့ကို အစားထိုးတာကတော့.....

ကျိုရှန်း သည် အသည်းကွဲရုံသာမက မကြုံစဖူး အရှက်တရားကိုလည်း ကြုံတွေ့လိုက်ရပါပြီ

သူက ၀မ်ယုတုန် နဲ့ ယှဥ်လျှင် ကဏ္ဍပေါင်းစုံမှာ ချို့တဲ့ပါ၏။ ၀မ်ယုတုန် က သူ့ကို မထီမဲ့မြင်ပြုသောအခါ တိတ်ဆိတ်နေရုံသာ ခံစားနေရသည်။ အသက်မွေးဝမ်းကြောင်းပြုရန်မှာ ၀မ်ယုတုန် ၏စတန့်သမားဖြစ်ရန်မှတပါး အခြားရွေးချယ်စရာမရှိ‌ေသာ‌ေကြာင့်။ ဒါပေမယ့် သူ့ကိုယ်ပိုင်ဘဝမှာရော ဘာကြောင့် သူ့ကို အစားထိုးရတာလဲ။ ဒီလောက်ထိ အရှက်ရကွဲရအောင် ဝမ်ယုတုန်အပေါ်  သူ ဘာအကြွေးတင်ထားမိလို့လဲ

လူစားထိုးသရုပ်ဆောင် (Completed)Waar verhalen tot leven komen. Ontdek het nu