Ch 80 pa pa pa ချိန်တွင် ပထမဆုံးအကြိမ် စိတ်ကျေနပ်မှုရခြင်း

15K 935 13
                                    

For Unicode

"ကျိုရှန်း… လာခဲ့ … လာခဲ့ဦး"

"သူဌေး ယန် တစ်ချိန်လုံးသောက်နေတာလား"

"မင်းအပူမပါဘူး … အခုလာခဲ့ … အခုလို့"

ကျိုရှန်း သက်ပြင်းချလိုက်ပြီး

"ဟုတ် လာခဲ့မယ်"

taxi ငှားလိုက်ပြီး မြန်မြန်ဆန်ဆန်ပင်သွားလိုက်သည်။ ကွန်ဒိုထဲ ဝင်ဝင်ချင်း ပြင်းထန်သော အရက်နံ့က သူ့ကို ပွတ်တိုက်သွားသည်။

ယန်မင်ရှို့က ဆိုဖာပေါ်ထိုင်နေသည်။ သူရှေ့ရှိ စားပွဲပေါ်တွင် ဝိုင်နီ ဝိုင်ဖြူပုလင်းများ ပြန့်ကျဲလျက် သူ့မျက်နှာက နီရဲကာ ဆိုဖာကို မှီထာသည်။

တံခါးဖွင့်သံကြားသောအခါ လှည့်ကြည့်လာပြီး ကျိုရှန်းကိုကြည့်လိုက်ကာ 

"မင်းလာပြီပဲ…  ငါ့အတွက်တခုခုချက်ပေးပါ"

သူသတိရှိနေသေးကြောင်း မြင်ရသောအခါ ကျိုရှန်း စိတ်သက်သာရာရသွားသည်။ အရက်မူးနေသူ မည်သူနဲ့မဆို သူရင်မဆိုင်ဝံ့

"ဘာစားချင်လဲ"

"ရေခဲသေတ္တာထဲရှိတာသာ ချက်လိုက်"

ယန်မင်ရှို့သည် ယိုင်တိယိုင်ထိုးဖြင့် ထလာပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်လာကာ

"အကောင်းဆုံးသာချက်ပေး"

ကျိုရှန်း ခေါင်းညိတ်ပြလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ စတင်ချက်ပြုတ်တော့သည်

ယန်မင်ရှုက တံခါးဘောင်ကို မှီထားကာ မျက်လုံးများ ကျဉ်းမြောင်း၍ ကျိုရှန်း ကျောဘက်ကို ကြည့်နေရင်း

"ကျိုရှန်း … ချိုင့်ဝေက အိမ် အဖောက်ခံရတဲ့ အကြောင်း မင်းကို ပြောသေးလား"

ကျိုရှန်း ခဏငြိမ်သွားပြီး လေသံဖျော့ဖြင့်

"ပြောဖြစ်ပါတယ်"

"အဲ့ဒါ သူခိုးလို့ ငါမထင်ဘူး"

ကျိုရှန်းက အိုး ဟု အသံပြုလိုက်ပြီး

"သူခိုးမဟုတ်ရင် ဘယ်သူလဲ"

ယန်မင်ရှို့ မျက်လုံးထဲတွင် နွေးထွေးသော အရိပ်အယောင်များ ပြည့်လာကာ

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now