Ch52 ဝမ်ယုတုန်၏ လူစားထိုး ထပ်ဖြစ်လာခြင်း

8.5K 629 8
                                    

For Unicode

"ဆေးစစ်ချက် ရလဒ် ထွက်လာဖို့ ရက်နည်းနည်း ကြာဦးမယ်... မင်းအမေက အိမ်ပြန်သင့်ပေမယ့် ဆေးဘက်ဆိုင်ရာ အတွေ့အကြုံ  အရဆို ကျောက်ကပ်နဲ့ ဆိုင်တဲ့ ရောဂါတခုခု ဖြစ်လိမ့်မယ်"
ဆရာဝန်က သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး ကျိုရှန်း ကို ဆေးစာစာရင်း ပေးလိုက်သညိ။

ကျိုရှန်း လက်များ တုန်ယင်လျက် တိုးတိုးလေး မေးလိုက်သည်
"ဒေါက်တာ ကင်ဆာ ဖြစ်နိုင်လား?"

"အဲ့လောက် မစိုးရိမ်ပါနဲ့  လောလောဆယ်တော့ ဆုံးဖြတ်လို့ မရပါဘူး.. ရလဒ်တွေ မထွက်မချင်းတော့ ဘာကမှ အတိအကျပြောလို့ မရဘူး ပြီးသွားရင်တော့ ပိုပြီး စေ့စေ့စပ်စပ် စစ်ဆေးဖို့ ဆေးရုံကြီးတစ်ခုဆီ ခေါ်သွားပါလို့ အကြံပေးချင်ပါတယ်... ဒါပေမယ့် သူ့သားဖြစ်တဲ့ မင်းက မင်းအမေရဲ့အမူအရာက အရမ်းဆိုးတယ်လို့ မမြင်မိဘူးလား.. သူ့အသက်အရွယ်က အဝါရောင်အသားအရည်ရှိပေမယ့် ဒီလို အဝါရောင်မဟုတ်ဘူး... ဒါက ပုံမှန်မဟုတ်ဘူး... ဖျားနေတယ်"

ကျိုရှန်း က ခေါင်းငုံ့သွားသည်။ မမြင်နိုင်သော ကျောက်တုံးကြီးသည် သူ့ပခုံးပေါ် ဖိထားသလို ခံစားလိုက်ရကာ ခေါင်းတောင်မထောင်နိုင်လောက်အောင် လေးလံနေသည်။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။

ကျောက်ကပ်ရောဂါ? အဲဒါဘာဖြစ်နိုင်မလဲ။ ကျောက်ကပ်ရောင်တာလား? Uremia လား? ဆီးချို? ကျောက်ကပ်ပျက်နေတာလား? ကျောက်ကပ်ကင်ဆာ? ကျောက်ကပ်ရောဂါများကို ကျိုရှန်း ၏နားလည်မှုသည် အနည်းငယ်မျှသာဖြစ်သော်လည်း တစ်ခုချင်းစီက သူ့ကို အဆုံးမသတ်နိုင်သော ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

ချန်ယင်း သည် သူမ၏ ခင်ပွန်းဖြစ်သူကို လူလတ်ပိုင်းအရွယ်တွင် ဆုံးရှုံးခဲ့ရပြီး အသက်ကြီးလာချိန်တွင် ဆေးရုံခုတင်ပေါ်တွင် နှစ်နှစ်ကြာ နေရသော သားလေးတစ်ဦးရှိသည်။ သူမ၏ ခွန်အားသည် နိုးထလာမည်လား မနိုးလာဘူးလား မသိသော သူ့သားက လှုံ့ဆော်မှုမျှသာ ဖြစ်သည်။ ယခုမူ သားဖြစ်သူ နိုးလာသဖြင့် ပြိုလဲသွားခဲ့သည်။

ထို့အပြင်၊ သူမသား၏ခန္ဓာကိုယ်သည် အခြားသူ၏ဝိညာဉ်အသက်ရှင်ကြောင်း သူမဘယ်တော့မှမသိနိုင်ပေ။ ကျိုရှန်း ၏ရွေးချယ်မှုမှမဟုတ်သော်လည်း ချန်ယင်း အပေါ် အပြစ်ရှိသလို နာကျင်ခံစားရဆဲဖြစ်သောကြောင့် သူ့သားဆုံးပါးသွားကြောင်း ချန်ယင်း ကို ဘယ်သောအခါမှ ခွင့်မပြုပေ။ သူနိုးထလာပြီးနောက်တွင် အရာများစွာဖြင့် ရှုပ်ယှက်ခတ်နေသော်လည်း သူသေချာသိသည့်အချက်က ၎င်းမှာ မည်မျှခက်ခဲကြမ်းတမ်းသည့်ဘဝမျိုးဖြစ်ပါစေ ချန်ယင်း ၏သားလေးအဖြစ် သူတို့သေသည်အထိ သူဆက်လက်သရုပ်ဆောင်နေမည်သာ။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now