Ch 79 ကျိုရှန်းနှင့် ယန်မင်ရှို့ အစ်ကို တွေ့ဆုံခြင်း

12K 918 41
                                    

For Unicode

ကျိုရှန်းသည် ချန်ယင်းနှင့်အတူ အိမ်သို့ပြန်လာရောက်လာသောအခါ ဖုန်းမြည်လာသည်။ကောက်ယူကြည့်လိုက်ရာ ယန်မင်ရှို့ထံမှ စာသားမက်ဆေ့ခ်ျတစ်ခုဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။ ဒီနေ့တော့ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ယခု သူထွက်ခွာရန် အကြောင်းပြချက်ရှာရသည်။.

ကွန်ဒိုသို့ရောက်ပြီးနောက် ယန်မင်ရှို့ ပြန်မရောက်သေးပါ။ ကျိုရှန်းသည် စားသောက်ရန် အချိန်မရှိသည်ကို သိသောကြောင့် သူ့အတွက် ခေါက်ဆွဲအချို့ချက်ပြုတ်ရန် မီးဖိုကိုဖွင့်လိုက်သည်။ သူချက်ပြုတ်နေစဉ် တံခါးဘဲလ်က မြည်လာသည်။

ကျိုရှန်းသည် လက်များကိုဆေးကြောပြီး တံခါးကိုဖွင့်ရန်သွားခဲ့သည်။ သူသည် အပေါက်သေးသေးလေးကနေ ပေါ့ပေါ့တန်တန်ကြည့်လိုက်ပြီး ယန်မင်ရှို့ သော့ယူသွားရန် မေ့နေသည်ဟုထင်ပြီးတံခါးကိုဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် သူသည်ခေတ္တရပ်လိုက်ပြီး မျက်နှာသေဖြင့် ကြည့်လိုက်သည်။ အနီးကပ်ကြည့်လိုက်တော့ တံခါးအပြင်ဘက်မှာ ရပ်နေတဲ့လူဟာ ယန်မင်ရှို့မဟုတ်ကေမဲ့ ယန်မင်ရှို့နဲ့ အတော်လေးကို တူနေပြီး အသက်ကတော့ အနဘ်းငယ်ကြီးပုံပေါ်သည်။ ယန်မင်ရှို့ကဲ့သို့ပင် ဤလူ၏စိတ်ထားသည် အေးဆေးတည်ငြိမ်ပြီး တသီးတသန့်နေတတ်ဟန်ရှိသည်။ ဒါဟာလူတွေအနီးကပ်ကြည့်ရဖို့ မလွယ်ကူပေမယ့်သူက ယန်မင်ရှို့ကဲ့သို့တော့ ဆူပုပ်မနေ။

ဤသူသည် ယန်မင်ရှို့၏ အစ်ကိုဖြစ်လိမ့်မည်ဟု ချက်ချင်းနားလည်လိုက်သည်။

ထိုသူက မတ်တပ်ရပ်လျက်ပင် သူ့ကို တဒင်္ဂ စိုက်ကြည့်နေသည်။ အရမ်းတော့ အံ့အားသင့်ဟန်မရှိချေ။ သူက
"ကိုယ်က ယန်မင်ရှို့အကို ယန်မင်စုပါ"

ကျိုရှန်းက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ အထဲဝင်ပါ"

ယန်မင်စု လာရခြင်း၏ ရည်ရွယ်ချက်ကို သူခန့်မှန်းနိုင်သည်။ ဒီလူဟာအလွန်ဂုဏ်သိက္ခာရှိတယ်၊ ငယ်ရွယ်တယ်လို့ သူကြားဖူးသည်။ သူ၏အနာဂတ်အသက်မွေးဝမ်းကျောင်းမှု မည်မျှအထိ သွားနိုင်သည်ကို စိတ်ကူး၍ပင် မရနိုင်ပါ။.

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now