Ch 47 ယန်မင်ရှို့နဲ့ ကြော်ငြာရိုက်ခြင်း

9.3K 706 26
                                    

For Unicode

စနေနေ့ နံနက်ပိုင်းတွင် ကျိုရှန်းဆီ သူဌေးဝမ် ဖုန်းဝင်လာသည်။ ထိုအချိန်တွင် သူသည် အိပ်ပျော်နေပြီး ခေါ်ဆိုသူ ID ကိုတွေ့သည်နှင့် အမြန်ထလိုက်သည်။

"ဟယ်လို သူဌေးဝမ်"

"ရှောင်ကျို မင်း မထသေးဘူးလား?"

"ဟုတ် ဟုတ် ... မ​နေ့က အရမ်းပင်​ပန်းသွားလို့"

"ဒီနေ့ မင်းပိုပင်ပန်းမှာကို ငါစိုးရိမ်မိပါရဲ့...  အိပ်ရာထ... မင်းအတွက် ကြော်ငြာတစ်ခု စီစဉ်ပေးထားတယ်... အခုပဲ သွားလိုက်..."

"ဟင်? အခုချက်ချင်းလား"

"ဟုတ်တယ်.. နာမည်ကြီးတစ်ယောက်က မင်းကိုအတိအကျ ခေါ်ထားတာ ..ငါ့ဆီ တိုက်ရိုက်လာပြောလို့"
သူဌေးဝမ်၏ လေသံက အနည်းငယ် ထူးဆန်းနေသည်။

ကျိုရှန်း က သူ့မျက်နှာကို ပွတ်လိုက်ပြီး
"ဘယ်သူလဲ"

"ယန်မင်ရှို့"

ကျိုရှန်း ၏လူတစ်ကိုယ်လုံး ချက်ချင်းသတိရှိလာပြီး
"ယန် ..ယန်မင်ရှို့?"

သူဌေးဝမ်က သူအရမ်းစိတ်လှုပ်ရှားနေတယ်ထင်ပြီး
"ဟုတ်တယ် ယန်မင်ရှို့ က မင်းကို ဘယ်အချိန်တွေ့လိုက်မှန်း ငါမသိပေမယ့် ဒါက ရွှေအခွင့်အရေးပဲ... မင်း အရမ်းကံကောင်းတယ်... ယန်မင်ရှို့ နဲ့ ကြော်ငြာရိုက်ရတာ အရမ်းကံကောင်းတယ်..  ရှီရုံ ရဲ့ MV မှာ မင်းရဲ့မျက်နှာကို ပြရမယ် ... မင်းရဲ့အနာဂတ်က ပိုတောက်ပလာလိမ့်မယ်.... ဒါပေမယ့် ရှီရုံ ရဲ့ MV ဟာ အစီအစဥ်အဆင့်ပဲ ရှိပါသေးတယ်.. ရိုက်ဖို့က ကြာဦးမှာ...  ဒီကြော်ငြာက မင်းရဲ့ရှေ့မှာပဲ ရောက်နေပြီ... ကံတရားကြောင့်ပဲ...  မင်းဘက်​က အမြန်​ထပြီး ဟိုဘက်​ကို ဦးတည်​လိုက်​... "

"ဒါ... ဝေကောက ကျွန်တော့ကို မပြောထားဘူး။"

"ချိုင့်ဝေ က မင်းကို ဒီအလုပ်မှာ ခွင့်မပြုဖို့ တွေးနေတာ ဘာကြောင့်လဲမှ မသိတာ... အဲ့ဒါကြောင့် ငါ့ဆီ ဖုန်းဆက်လာတာ... နောက်မှ သူ့ကို မေးလိုက်မယ်.. ထပြီး ပြင်..."

ကျိုရှန်း က ဘယ်လိုငြင်းရမလဲ စဉ်းစားနေ၏
"သူ‌ေဌးဝမ်... ကျွန်တော် မသွားချင်လို့ မဟုတ်ပါဘူး .. ဒါပေမယ့် ဒီနေ့ လုပ်စရာရှိတယ်"

လူစားထိုးသရုပ်ဆောင် (Completed)Место, где живут истории. Откройте их для себя