Ch 57. စိတ်ဓါတ်ကျလာခြင်း

7.4K 635 10
                                    

For Unicode

ကျိုရှန်း သည် နောက်တစ်ကြိမ် သူလာသောအခါတွင် သူ့ကျောက်ကပ်ကို စစ်ဆေးရန် ဆရာဝန်နှင့် ညှိနှိုင်းခဲ့သည်။ ချန်ယင်း ရဲ့နောက်ကွယ်မှာ သူလျှို့ဝှက်လုပ်‌‌ေနခြင်းသာ။ သူ့ကျောက်ကပ်က ကိုက်ညီနေရင်တောင် ပထမပြဿနာက သူ့မှာ ခွဲစိတ်ဖို့ ပိုက်ဆံမရှိဘူး၊ ဒုတိယကတော့ ချန်ယင်း က သေရမှာထက် သူ့ကျောက်ကပ်ကို လက်ခံဖို့ သဘောတူရမှာကို ကြောက်နေတာပင်

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူကြိုးစားရမည်။ အနည်းဆုံးတော့ သူမကို ကယ်တင်ဖို့ မျှော်လင့်ချက် ပိုရှိသေးသည်။

ကျိုရှန်း သည် ကျောက်ကပ်ကို ဖယ်ရှားနိုင်ခြေကို အနည်းငယ် ကြောက်ရွံ့နေသော်လည်း သူ့တွင် နောက်ဆုတ်ရန် အကြောင်းမရှိပေ။ ဒီခန္ဓာကိုယ်ဟာ သူ့အပိုင်မဟုတ်ပေမဲ့ ကျိုရှန်း လို့အမည်ရတဲ့ ဒီလူငယ်လေးဟာ သက်ဆိုင်ပါသည်။ သူသည် သေလုမြောပါးလူတစ်ဦးမျှသာဖြစ်ပြီး သူ့အသက်ကို ဆက်လက်အသက်ရှင်ရန် ဤခန္ဓာကိုယ်တွင် သူ့ဝိညာဉ်ကို လက်ခံထားနိုင်လောက်အောင် ကံကောင်းသူဖြစ်သည်။ ဒီချာတိတ်က ချန်ယင်း ရဲ့သား။ သူ့စိတ်ဝိညာဉ်ကို ဧည့်ခံသည့် ဤခန္ဓာကိုယ်တွင်၊ ဆံပင်၊ အရေပြားနှင့် ဤဘဝသည် ချန်ယင်း ထံမှ ဆင်းသက်လာခဲ့သည်။ သူသည်ချန်ယင်း နှင့် အရင်းနှီးဆုံး ဆွေမျိုးဖြစ်သည်။ ရှောင်လွှဲလို့မရသလို တစ်ကိုယ်ကောင်းဆန်တဲ့သူလည်း မဟုတ်။

နှစ်ယောက်သား အိမ်ပြန်ကြပြီးနောက် တိုက်ခန်းကျဉ်းလေးထဲက လေထုက သူတို့အပေါ်ကို ဖိထားတဲ့ တိမ်မည်းကြီးလိုပါပဲ။ အလွန်လေးလံပါသည်။ ကျိုရှန်း သည် မီးဖိုချောင်ထဲသို့ဝင်ကာ ခေါက်ဆွဲပူပူ ပန်းကန်လုံးနှစ်လုံးကို အမြန်လုပ်လိုက်သည်။

သူ့ရဲ့ချက်ပြုတ်မှုစွမ်းရည်က အမြဲတမ်းကောင်းမွန်နေပေမယ့် မွေးပြီးနောက်ပိုင်းမှာတော့ ဒီအသေးအဖွဲအရာတွေကို ချန်ယင်း က အမြဲဂရုစိုက်ခဲ့ပါ၏။ အိမ်မှုကိစ္စလုပ်ခွင့် တစ်ခါမှ မရခဲ့ဘူး။ ဒီခေါင်းမာတဲ့အမျိုးသမီးဟာ ကျိုရှန်း အတွက် မိခင်လုပ်သင့်တာကိုလုပ်ဖို့ အမြဲတမ်း အစွမ်းကုန်ကြိုးစားခဲ့ပါသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now