Ch 31 ဝမ် နှစ်ဝမ် ထိပ်တိုက်တွေ့ကြသောအခါ

6.6K 553 12
                                    

For Unicode

ကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအဝေးကို ခရစ္စမတ်မတိုင်မီ တစ်ပတ်အလိုတွင် ကျင်းပခဲ့သည်။ ကုမ္ပဏီဝန်ထမ်းတွေအပြင် မီဒီယာကလူတွေလည်း အများကြီးပါ၏။ ထိုနေ့အထိ ကျိုရှန်းသည် နောက်ကွယ်တွင် အလုပ်များနေသေးသည်။

ပွဲတွင်ရှိသင့်သော လန်ရှီရုံကို ဟိုတယ်နောက်ဘက်တွင် တွေ့သည်။

ဆေးလိပ် တိတ်တိတ်သောက်နေသောသူ့ကို လန်ရှီရုံ မြင်သွားသည်။ ကျိုရှန်း အံ့ဩစွာမေး၏
"မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

လန်ရှီရုံ က ပြုံးပြီး
"အစ်ကို့ကို တစ်ညလုံး ရှာနေတာ ...ဒီမှာ ပုန်းနေမယ်လို့ မမျှော်လင့်ထားဘူး"

"ငါဒီမှာ ပုန်းနေတာမဟုတ်ဘူး... အလုပ်လုပ်နေရတာ.. မြန်မြန်ပြန်သွား တစ်ယောက်ယောက်က မင်းကို ရှာနေဦးမယ်"

"အသက်ရှူကျပ်လို့ ထွက်လာတာ"
လန်ရှီရုံ က သူ့ကို နွေးထွေးစွာ ကြည့်ပြီး
"ရှန်း‌ေကာ... အလုပ်ကြိုးစားတာပဲ"

"ဒီလိုပါပဲကွာ... အလကား လုပ်ပေးရတာမှ မဟုတ်တာ "
ကျိုရှန်း သည် သူ၏ စီးကရက်ကို မီးငြိမ်းလိုက်သည်။

"ဇာတ်ကားတစ်ကားထဲမှာ ကျွန်တော်တို့နှစ်ယောက် အတူတွဲသရုပ်ဆောင်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး... အစ်ကိုနဲ့အတူ သရုပ်ဆောင်ဖို့ ကျွန်တော်တကယ်မျှော်လင့်နေပါတယ်"
လန်ရှီရုံ က မျှော်လင့်ချက် ရောင်ခြည်သမ်းကာ ပြောလာ၏

ကျိုရှန်း က ဗြောင်ကျကျ စိုက်ကြည့်ရင်း
" ကိုယ်တို့ အတူရိုက်ရမဲ့ ဇာတ်ဝင်ခန်းပါလို့လား "

"ဟုတ်တယ်၊ အစ်ကို ဇာတ်ညွှန်းကို မဖတ်ဖူး‌ေသးဘူးပဲ။"

"ဩော မင်းက ၀မ်ယုတုန် ရဲ့ ညီလေး အဖြစ် သရုပ်ဆောင်ရမှာမလား ... ကိုယ်တို့အတူသရုပ်ဆောင်ရမယ့် အခန်းရှိမှာပေါ့"

"မဟုတ်ဘူး... အစ်ကိုက သူ့ရဲ့ စတန့်သမားအဖြစ် သရုပ်ဆောင်မယ့် အပိုင်းမှာ မဟုတ်ဘူး... အစ်ကိုသရုပ်ဆောင်တဲ့ ဇာတ်ပို့ အခန်းကဏ္ဍက‌ေန ကျွန်‌ေတာ်တို့ အတူသရုပ်ဆောင်ရမှာ"

ကျိုရှန်း က ပြုံးပြုံးရွှင်ရွှင်နဲ့
"မသိပါဘူး.. ကိုယ့်ရဲ့ ဇာတ်ရုပ်က အဲ့လောက်လည်း မဟုတ်ပါဘူးကွာ... ဒါရိုက်တာဝမ်က ကိုယ့်ကို ဇာတ်ညွှန်းမပေး‌ေသးဘူး"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now