Chapter 8 နားလည်လိုက်ပြီ နှစ်ယောက်လုံးဟာ.........

9.4K 767 30
                                    

For Zawgyi

တိုက်ခန်းထဲ ရောက်ရောက်ချင်းပဲ ကျိုရှန်း ယန်မင်ရှို့ကို နံရံဘက် တွန်းကပ်လိုက်ပြီး ယန်မင်ရှို့ရဲ့ ချောမွေ့တဲ့ မျက်နှာကို ရှညသွယ်သော  လက်ချောင်းများနဲ့ တို့ထိရင်း အပြုံးနဲ့ ပြောသည်။
"ရှောင်ယန်…  မင်းက စောက်ရမ်းချောတာပဲ"

ယန်မင်ရှို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိုရှန်းရဲ့ မာနေသော ခန္ဓာကိုယ် အစိတ်အပိုင်းကို လှမ်းကိုင်လိုက်ပြီးသူ့နှုတ်ခမ်း ထောင့်စွန်းလေးနဲ့ ပြုံးပြီး ပြန်ပြောသည်။
"အင်း … ခင်ဗျားဘယ်လောက်ကြိုက်လဲဆိုတာ ကျွန်တော်မြင်နေရတာပဲ"

ကျိုရှန်း သူ့နှုတ်ခမ်းထောင့်စွန်းကို လျှာနဲ့လျက်လိုက်ပြှးတိုးတိုးလေး ပြောသည်။
"ကြိုက်တာပေါ့"

ယန်မင်ရှို့ရဲ့ ခေါင်းအနောက်ဘက်ကို လက်နဲ့ကိုင်ပြီး အရှေ့ကိုဆွဲလိုက်၍ သူ့နှုတ်ခမ်းကို အနမ်းကြမ်းကြမ်း ပေးလိုက်ပြီး သူ့လျှာနဲ့ ယန်မင်ရှို့ပါးစပ်ထဲကို တိုးဝင်ကာ ယန်မင်ရှို့လျှာနဲ့ လိမ်လျှက်ပြီး ကျွမ်းကျင်စွာ နမ်းသည်။

ကျိုရှန်း ဆယ်ကျော်သက်အရွယ်မှာ သူ့ကိုယ်သူ gay မှန်းစသိကတည်းကနေ အခုအချိန်အထိ ရည်းစားနှစ်ယောက်ကိုပဲ သေချာတွဲဖူးသည်။ ဒါပေမယ့် အဲ့နှစ်ယောက်ကလည်း သူ့နှလုံးသားထဲမှာ ဘာဆိုဘာမှ မကျန်ရစ်ခဲ့။ သူနဲ့ ခဏတွဲဖူးသော fuck buddies တွေ ရှိခဲ့ဖူးပေမယ့် one night stand ရယ်တော့ သိပ်မရှိခဲ့ဘူး သူက ကြုံသမျှလူတွေနဲ့ အတူအိပ်လေ့ရှိသူမျိုးမဟုတ်။ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ကျန်းမာရေး လိုက်စားဘူး သူ့အတွက် စိတ်ရင်းမှန်နဲ့ အတည်တကျတွဲမယ့် relationship မျိုးဆိုတာ ကံကောင်းမှသာ ဘဝမှာ တခါသာ တွေ့ရမည့် အဖိုးတန် ဇိမ်ခံပစ္စည်းတစ်ခုလိုပင်။ သူတို့လောကထဲမှာ နောက်ဆုံးအချိန်အထိ မပြတ်ဘဲ အတူရှိနေကြတဲ့ အတွဲမျိုးက လက်ဆယ်ချောင်းပြည့်သည်ဆိုရုံသာ။ ကျိုရှန်းလည်း သူ့ရဲ့ဖူးစာဖက်ကို အရမ်းတွေ့ချင်သည်။ ဒါပေမယ့် အချစ်စစ်ကိုမတွေ့ခင်မှာ သူသဘောကျတဲ့လူတွေ့ရင် အတူအိပ်လိုက်တာက ပိုပြီးလက်တွေ့ကျတယ်လို့ ထင်သည်။

ယန်မင်ရှို့က ဒီနှစ်မှ အသက်နှစ်ဆယ်ပြည့်တာဖြစ်၍ ငဟ်သေးသည်။ သူကလည်း ဖြူစင်တဲ့ လူငယ်လေးတော့ မဟုတ်ပေမယ့် လိင်ကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အရမ်းအများကြီး မရှိသေး။ ကျိုရှန်းရဲ့ ကြမ်းကြမ်းရမ်းရမ်း အထိအတွေ့အတွေကြောင့် သူနည်းနည်းတော့ ဘာမှမတွေးနိုင်ဖြစ်သွားသည်။ နှစ်ယောက်လုံး အသက်ရှူသံတွေ ပြင်းထန်လာပြီး အနမ်းတွေထဲမှာ သူတို့ဆန္ဒတပ်မက်မှုများ၏ အရသာတွေပါနေသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now