Ch 69 မတော်တဆ ဖြစ်မှုအကြောင်း မေးမြန်းခြင်း

11.6K 844 8
                                    

For Unicode

ကျိုရှန်း ဆယ်နာရီကြာသည်အထိ အိပ်မောကျသွားသည် သူနိုးလာတော့ နေမြင့်နေပြီဖြစ်သည်။

အိပ်ရေးဝ၍ နိုးလာခြင်းမဟုတ် ရှုရှုးပေါက်ချင်၍သာ နိုးလာခြင်း ဖြစ်သည်။ မူးရိပ်ရိပ်ဖြစ်နေသော ခေါင်းကို ခါလိုက်ပြီး အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ ကြမ်းပြင်ပေါ်ခြေချလိုက်သည်နှင့် လေထဲ လွတ်သွားသည်။ ကုတင်စောင်းကိုသာ မကိုင်ထားမိပါက ကြမ်းပြင်ပေါ် ပစ်ကျမည်မှာ မလွဲ

အောက်ပိုင်းကနာကျင်မှုကြောင့် ညကအဖြစ်အပျက်ကို စိတ်ပျက်စွာ သတိရမိသည်။ 

အခက်အခဲများစွာဖြင့် ကိုယ့်ကိုယ်ကို ထူမရင်း ရေချိုးခန်းသို့ ကွတကွတ လျှောက်သွားကာ ကိုယ့်ဘာသာ သန့်ရှင်းရေး လုပ်လိုက်သည်။

တစ်အိမ်လုံး တိတ်ဆိတ်နေ၏။ ယန်မင်ရှို့ အရင်သွားနှင့်နေလောက်သည်။ ကျိုရှန်း အဝတ်အစား ဝတ်ကာ လက်က ခါးကို ကိုင်ထား၍ အခန်းထဲမှ ထွက်လာသည်။ အချိန်ကိုကြည့်လိုက်တော့ ညနေ လေးနာရီထိုး

ချန်ယင်းဆီသို့ ဖုန်းဆက်သင့်သည်ဟု ရုတ်ချည်း အမှတ်ရသွားသည်။

သူဖုန်းခေါ်လိုက်သည်။ ချန်ယင်းက ဆေးရုံတွင် ဆေးကုသမှုခံယူရမည့် အချိန်ဖြစ်သည်။ ဖုန်းကို ချက်ချင်းကိုင်၍ ဆူလိုက်သည်

"အခုမှပဲ ဖုန်းဆက်တော့တယ်နော် … အမေ မင်းကို မနက်ကတည်းက ဖုန်းခေါ်နေတာ အခါခါရှိပြီ … အလုပ်များနေပါဦးတော့ ဖုန်းကိုင်တာလောက်တော့ လုပ်သင့်တဟ်မလား … အမေစိတ်ပူရအောင်လို့"

ကျိုရှန်း နောင်တကြီးစွာဖြင့် တောင်းပန်သည်

"နောက်ဆို အိမ်ပြန်မလာဖြစ်ရင် အမေ့ဆီ ဖုန်းသေချာဆက်ပါ့မယ်"

"ဒီနေ့ကော ပြန်လာမှာလား"

'ဒီနေ့"

ကျိုရှန်း တခဏတော့ မှင်တက်သွား၏။ ယန်မင်ရှို့ကို အရင်မေးကြည့်သင့်လား။ ဒီသူဌေးအကြီးစားက သူ့ကိုလိုအပ်ချိန်တိုင်း ခေါ်နိူင်သည်မလား။ သူတွေးပြီးမှပင်

'ကျွန်တော်ဘာမှလုပ်စရာမရှိရင် သေချာပေါက်ပြန်လာမှာပါ"

သူ့အဖြေက မရေမရာ မသေမချာ ဖြေလိုက်သည်။ ချန်ယင်းက ပွစိပွစိရေရွတ်ကာ ဖုန်းချသွားသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now