Ch 15 မနေချင်သော မိသားစု တွေ့ဆုံပွဲ

8.1K 612 10
                                    

For Zawgyi

ဝမ်ယုတုန် ၏ အဖေ ဥက္ကဌ ဝမ် သည် ဘီလီယံပေါင်းများစွာ ချမ်းသာသော သူဌေးကြီးတစ်ဦးဖြစ်သော်လည်း ပညာရေးမှာ မူလတန်းအဆင့်သာ ရှိသည်။  သူသည် နှစ်များတစ်လျှောက် စည်းစိမ်ဥစ္စာများ စုဆောင်းထားသော်လည်း၊ သူ၏ မသန့်စင်သော သဘောသဘာဝသည် ရံဖန်ရံခါ ထင်ရှားလာလိမ့်မည်။ အလွန်လှပသော စူပါမော်ဒယ်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ဝမ်ယုတုန် အမည်ရှိ လှပသော သားလေးတစ်ဦးကို မွေးဖွားခဲ့သည်။ အသက်ကြီးမှ ကလေးတစ်ယောက်ရလာလို့ အမေနှင့်တူသောသားလေးကို ဥက္ကဌဝမ် အတော်လေးချစ်ပါသည်။

ဝမ် မိသားစုက ပိုက်ဆံရှိပေမယ့် သူတို့ပတ်ဝန်းကျင်က အဆက့်အတန်းမမြင့်မား။ ပိုက်ဆံရြှိခင်းသည် အာဏာရြှိခင်းနှင့် ယှဉ်၍မရပါ။ ဝမ်ယုတုန်သည် ချမ်းသာသော သခင်လေးတစ်ဦးဖြစ်သော်လည်း သူ့အဖေသည် (ချမ်းသာခါစ) ဖြစ်သည်ကို လူတိုင်းနီးပါး သိကြသည်။ ထို့ကြောင့် ဥက္ကဌဝမ်သည် မြို့တော်ရှိ အထက်တန်းလွှာများထံ အဆက်မပြတ် ဖားရန် လိုအပ်နေသေးသည်။ ယန်မိသားစုသည် ၄တို့၏အဆင့်အတန်းကို မြှင့်တင်ရန် သူတို့အတွက် အကြီးမားဆုံးသစ်ပင်ဖြစ်သည်။

မူလက ရန်မိသားစု၏ ဂုဏ်သိက္ခာနှင့် သြဇာအာဏာဖြင့် ဝမ်မိသားစုသည် ရန်မိသားစု၏သခင်နှင့် အတူတူ စားပွဲ၌ပင် မစားနိုင်ပေ။ ရန်မိသားစုနှင့် ပတ်သက်ရန်မှာ ဥက္ကဌဝမ် အိပ်မက်မမက်ခဲ့ပါ။ ဒါပေမယ့် သူ့မှာ အရည်အချင်းရှိသော သားတစ်ယောက်ရှိသည်လေ။ ဝမ်ယုတုန် သည် သူ့အတွက်တော့ သူလိုချင်သည့်အတိုင်း မွေးဖွားလာသည့်သားလေး။ Ivy League Business School မှ ဘွဲ့ရပြီးနောက်တွင် သူသည် စီးပွားရေးမလုပ်ဘဲ သရုပ်ဆောင်ဖြစ်လာခဲ့သည်။ ဥက္ကဌ ဝမ်သည် သူ့အတွက် အံဝင်ခွင်ကျဖြစ်သော ရှေးဟောင်းဝတ်စုံဒရာမာဇာတ်ကားကို ထုတ်လုပ်ရန် သန်းအနည်းငယ်ကို ထုတ်ပေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဝမ်ယုတုန် သည် လူကြိုက်များလာသည်။ လူကြိုက်များလာခြင်းသည် သူဖြစ်ချင်သော အရာအတိုင်း ထိုက်တန်သောအရာမဟုတ်သေး။ လူကြိုက်များလာပြီးနောက် သူပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်ကြောင့် ယန်မိသားစု၏ သခင်မလေးမှာ သူ့ကို အလွန်စွဲလမ်းခဲ့သည်။  ဝမ်ယုတုန် ရဲ့ ပြင်းထန်သော ပိုးပန်းမှုအောက်မှာ သူတို့နှစ်ယောက် ပေါင်းစည်းခဲ့ပါတော့သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now