Ch 53 သူပါလို့ ရ မရ ယန်မင်ရှို့က မေးမြန်းခြင်း

9K 651 15
                                    

For Unicode

ကျန်းကျဲ သူ့ကိုဖုန်းဆက်ပြီး နောက်တစ်နေ့မနက် သူမက ကျိုရှန်း ကို သူအရင်က သူမစကားကို နားထောင်သင့်ပြီး ချိုင့်ဝေ နဲ့ မဆွေးနွေးသင့်ဘူးလို့ အချိန်အတော်ကြာအောင် ပွစိပွစိ ပြောခဲ့ပါသည်။ အခုတော့ အချိန်အတော်ကြာအောင် နှောင့်နှေးသွားသောကြောင့် ဝမ်ယုတုန် ဘက်က စတန့်သမားကို ရှာတွေ့နေပြီဖြစ်သည်။

အချိန်ကို နှောင့်နှေးရခြင်းမှာ သူ့ကြောင့်ပါဟု ချိုင့်ဝေက တာဝန်ယူ ပြောထားမှန်း ကျိုရှန်းနားလည်ပါသည်။ တောင်းပဲ တောင်းပန်နိုင်ခဲ့သည်။ သူထင်မိတာကတော့ ဒီတစ်ကြိမ်မှာတော့ သူ့အတွက် အခွင့်ကောင်းတွေ မရှိတော့ဘူးလို့ပေါ့

ကျန်းကျဲက သူ့ကို အဲဒီကို သွားခိုင်းနေလိမ့်မယ်လို့ သူ မမျှော်လင့်ထား။ သူက တခြားစတန့်သမားထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ရင် အစားထိုးနိုင်မယ်လို့ သူမက ပြောလာပါသည်။ ဝမ်ယုတုန် က ပိုက်ဆံကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ သူဂရုစိုက်တာကတော့ အရည်အချင်းပါပဲ ။

ကျိုရှန်း သည် သူမပြောသည့်အတိုင်း နေ့လယ်မတိုင်မှီ ရိုက်ကွင်းသို့ အမြန်သွားခဲ့သည်။

ကျန်းကျဲက ဝင်ပေါက်မှာ သူ့ကိုစောင့်နေ၏။ သူ့ကိုတွေ့တော့ သူမက မြန်မြန်ပြော၏
"နောက်ဆုံးတော့ မင်းရောက်လာပြီ... အမှန်အတိုင်းပြောရရင် အခွင့်အလမ်းနည်းတယ်... မင်းအပေါ်မှာပဲ မူတည်တယ်.. မင်းရရင် အစ်မကို မမေ့ရဘူးနော်"

ကျိုရှန်း က ခေါင်းညိတ်ပြီး
"သေချာပေါက် ‌မမေ့ပါဘူး.. ကျေးဇူးတင်ပါတယ် ကျန်းကျဲ"

သူတို့နှစ်ယောက် ဝင်လာတော့ ဝမ်ယုတုန် က ဇာတ်ညွှန်းကို ဒါရိုက်တာနဲ့ ဆွေးနွေးနေ၏။ ကျိုရှန်း သည် သူနှင့် အလွန်ရင်းနှီးသော ဤလူကို ကြည့်လိုက်သည်။ ဝမ်ယုတုန် သည် ယခင်ကကဲ့သို့ ချောမောပြီး သပ်ရပ်နေသေးသည်။ သူသွားလေရာရာ၌ လူတိုင်းက ငေးကြည့်ရသော အငွေ့အသက် သူ့ထံ၌ရှိသည်။ သို့သော် ကျိုရှန်း သည် သူ့ကို အလွန်မုန်းတီးခဲ့သည်။ တကယ်တော့ ကျိုရှန်း ဟာ ​​ဝမ်ယုတုန် အမှားလုပ်မိတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ လူဆိုတာ ကိုယ့်ဘက် ကိုယ်ကြည့်ကြတာပဲလေ။ ဝမ်ယုတုန် လည်း သူ့ဘက်သူကြည့်တာ‌ေပါ့။ ကျိုရှန်း က သူ့ကို မနာလိုဖြစ်ရုံပင်။ ယန်မင်ရှို့ ၏ကိစ္စများကြောင့် ကျိုရှန်း သည် ဝမ်ယုတုန် ရှေ့မှာ သူ့မျက်နှာကို မပြနိုင်လောက်အောင် ရှက်သွားသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now