Ch 98 လက်ရှိအချိန်ကို မပြောင်းလဲချင်

11K 858 25
                                    

For Unicode

ညစာစားပွဲ၌ ရုပ်ရှင်၏ အလုံးစုံစီမံကိန်းကို အခြေခံ၍ ဖြေရှင်းရန်ဖြစ်သော်လည်း အသေးစိတ်ညှိနှိုင်းရန် လိုအပ်နေသည်။ ရုပ်ရှင်အတွက် ကုန်ကျငွေကို ထုတ်ပေးမည့်သူ တစ်ဦးတည်းသော သူဌေး ယန်မင်ရှို့ စိတ်မကျေမနပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကျိုရှန်းနှင့် မင်းသားရဲ့အခန်းကဏ္ဍကို လိုက်လျောညီ‌ေထွ ဖြစ်စေဖို့အတွက် စတူဒီယိုက အကောင်းဆုံးကြိုးစားလိမ့်မည် ဖြစ်သည်။။

သူတို့နှစ်ဦးသည် ကျိုရှန်း ပိုင်အိမ်သို့ပြန်ရောက်ချိန်အထိ ကျိုရှန်းသည် ဝေဝါးနေတုန်းပင် ဖြစ်သည်။ သူသည် ရုပ်ရှင်ကားတွင် အမှန်တကယ်ပါဝင်ရသည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

တိုက်ဆိုင်စွာပြောရလျှင် လန်ရှီရုံ ၏ မကြာသေးမီကထွက်ရှိခဲ့သော အယ်လ်ဘမ်သည် လူကြိုက်များနေသောအချိန်ကို ဖြတ်သန်းနေတူန်းပင်။ သူပါဝင်ခဲ့သည့် MV သီချင်းသည် အတော်လေး ချီးမွမ်းခံရသည်။ သူသည်မကြာသေးမီက ဤသတင်းမျိုးကို များစွာအာရုံမစိုက်ခဲ့သော်လည်း ချိုင့်ဝေ၏ တုံ့ပြန်ချက်များအရ သူနှင့်ပူးပေါင်းလိုသူအရေအတွက် သိသိသာသာ တိုးတက်ခဲ့သည်။ ကျိုရှန်းသည် ကျော်ကြားမှုဟုခေါ်သော အရာတစ်ခုခုကို ခံစားပြီးပြီဖြစ်သည်။ ဤကဲ့သို့သော အရာမျိုးသည် သူ့အားပတ်ပတ်လည်ခိုင်မာအောင် ဖုံးအုပ်နေသည်။ သူကအနည်းငယ် ထိတ်လန့်တုန်လှုပ်နေပြီး တစ်ချိန်တည်းမှာပင် နောက်ထပ်ဖြစ်လာမည့် အရာများကိုလည်း မျှော်လင့်မိသည်။

ဝမ်ယုတုန်မှ ထုတ်လုပ်သောရုပ်ရှင်ကို အောင်မြင်စွာဖြန့်ချိပြီးသည်နှင့် သူ၏ပေါ်ထွက်လာခြင်းသည် နောက်ထပ်အဆင့်ကိုမြှင့်တင်လိမ့်မည်။ သူ၏အသက်မွေးဝမ်း‌ေကြာင်းမှု၏ သမိုင်းမှတ်တိုင်သည် အချိန်တိုင်းတွင်ပိုမိုမြင့်မားပြီး ပိုမိုကောင်းမွန်သောကြောင့် သူ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို မြင်စေသည်။

သူ၏အိမ်သို့ပြန်ရောက်ပြီးနောက် ကျိုရှန်းသည် ယနေ့ည ပြန်လာမည်မဟုတ်ကြောင်း ချန်ယင်းကို အသိပေးဖုန်းဆက်ရန် သူအားတင်းနေရသည်။ ချန်ယင်းက များများစားစား မပြောပေ အအေးမမိစေရန်သာ ဂရုစိုက်ပြော၏

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now