Ch 12 မိသားစုလေးတစ်ခု လိုချင်မိခြင်း

9.4K 651 21
                                    

For Zawgyi

နံနက်ခင်းအလင်းရောင်သည် ကျိုရှန်း ၏ပုခုံးဗလာပေါ်တွင် ထင်ဟပ်နေသည်။ ဆောင်းဦးရောက်နေပြီ ဖြစ်သော်လည်း ပူနေတုန်းပင်။ နောက်ဆုံးတော့ ကျိုရှန်း နိုးလာ၏။

နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်သည်။ မွန်းတည့်ချိန်ထိ မအိပ်တာကြာပြီပေါ့။ ငယ်ငယ်တုန်းကတော့ အိပ်ရတာ ကြိုက်ပေမယ့် အသက် 30 ကျော်သွားတော့ ဒီအချိန်ထိအိပ်တာက အချိန်ဖြုန်းတာလို့ အမြဲတမ်း ခံစားခဲ့ရသည်။

မနေ့ညက သူတကယ်ကို ပင်ပန်းလွန်းပါ၏ ကျိုရှန်း သည် သူ့ပေါင်များကို ရွှေ့လိုက်သည်။ သူ့ခန္ဓာကိုယ်က အရမ်းနာနေ၍ သူတကယ်မလှုပ်ချင်ခဲ့။

ယန်​မင်​ရှို့ က သူ့ခေါင်းထက်တွင် ခပ်တိုးတိုး မေးသည်။
"နိုးလာပြီလား"

"အင်း......" ကျိုရှန်း သူ့ဘက်လှည့်ပြီး
"ဟင့်အင်း ငါအရမ်းနာနေတယ် မင်း အတော်ဆိုးဆိုးပဲ...... ငါတကယ်မပြောတော့ဘူး"

ယန်​မင်​ရှို့ က အတော်လေး ချောပါ၏။ အိပ်ရာထဲမှာ ဒီလိုမျိုး သားရဲတစ်ကောင်လို့ ဘယ်လိုထင်ပါ့မလဲ။ ထိုခွန်အားမျိုးသည် ကြမ်းတမ်းလွန်းလှသည်။ ခံနိုင်ရည်ရှိလွန်းသည်လေ......

ယန်​မင်​ရှို့ က ဂုဏ်ယူစွာ 'ဟင်း ဟင်း" ဟု နှစ်ကြိမ် ရယ်လိုက်သည်
"ကျွန်တော့ အရည်အချင်းတွေ အောင်မြင်သွားပြီလား"
သူ မနေနိုင် ကျိုရှန်း ၏ဖင်ကို ဆုပ်နယ်လိုက်သေးသည်။ အရမ်းကောင်းတယ်လို့ ခံစားရ၏။

ကျိုရှန်း က
"ဒါပေမယ့် ကိုယ့်အရိုးတွေ ပြုတ်ကျနေသလိုပဲ…  အရမ်းပင်ပန်းနေပြီ… မနက်ဖြန် မထနိုင်ရင် အလုပ်ပျက်လို့ လုပ်အားခ မင်းပေးရမယ်"

ယန်​မင်​ရှို့ က ပေါ့ပေါ့ပါးပါး မေးလိုက်သည်
"မနက်ဖြန် ဘာဒရာမာရိုက်မှာလဲ"

"ဝမ်ယုတုန် နဲ့ အတူတူပဲ"

'အိုး' 'သူလာမှာလား"

ကျိုရှန်း က ပြုံးပြီး
"သူ့ကို တွေ့ချင်လို့လား … ကိုယ်လည်း မသိပါဘူး…  နာမည်ကြီးတွေက သူတို့ လာဖြစ်လား မလာဖြစ်ဘူးလားလို့ ပြောတာမဟုတ်ဘူး
ထို့နောက် မေးလိုက်၏
"မင်း ဝမ်ယုတုန်နဲ့ သိလား"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now