Chapter 4 ဓါတ်လှေကား၌ ဆုံတွေ့ခြင်း

11.8K 902 16
                                    

For Zawgyi

ကျိုရှန်း ကုမ္ပဏီကို အစောကြီး ရောက်သွားသည်။
ချိုင့်ဝေက အခုအချိန်မှာ အခုအချိန်မှာ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ဖြစ်နေပြီ ဖြစ်သည်။ သူဌေး၏ ဘယ်လက်ရုံးဆိုလည်းသူ ညာလင်ရုံးဆိုလည်းသူဖြစိ၏။ အစစ အရာရာ သူကြီးကြပ်ရသည်။ သူဌေးက ပေကျငိးးမှာ တစ်နှစ်ပတ်လုံးရှိမနေနိုင်သဖြင့် ကုမ္ပဏီ၏ အခြေခံကိစ္စတွေအကုန်လုံးကို သူပဲ တာဝန်ယူရသည်။ ဒီနှစ်ပိုင်းအတွင်း အနုပညာလောကမှာ သူ့အနေအထား အဆက်အသွယ်က လွန်ခဲ့သော နှစ်နှစ်ကအခြေအနေနဲ့ လုံးဝကွာခြားနေပြီဖြစ်သည်။ ထိုကြောင့် ကျိုရှန်းကို အလုပ်တစ်ခု စီစဉ်ပေးတာက သူ့အတွက် လွယ်ကူသည်။

လွန်ခဲ့တဲ့နှစ်နှစ်က၊ မဟုတ်သေးဘူး ကျိုရှန်းအတွက်တော့ ပြီးခဲ့တဲ့လက၊ သူက ဒီကုမ္ပဏီ ရဲ့ ၀န်ထမ်းတစ်ဦးဖြစ်သည်။ အရင်တုန်းက ချိုင့်ဝေ သူ့ကို ၀န်ဆောင်ခ အနည်းဆုံးပေးရသည့် အလုပ်နှင့် မိတ်ဆက်ပေးခဲ့သည်။ ချိုင့်ဝေက သူ့အပေါ် အလွန်ကောင်းသည်။ အဲ့ဒီ ကုမ္ပဏီမှာ သူအကြာကြီး လုပ်ခဲ့သည်။ သူက လူတိုင်းနဲ့ အဆင်ပြေသလို ကုမ္ပဏီဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေးကောင်းသည်။ သူ ဒီကုမ္ပဏီကို အရမ်းသဘောကျသည်။ ဒီနေရာမှ အလုပ်ပြန်လုပ်ရခြင်းသည် ကောင်းသောစတင်ခြင်းဖြစ်သည်။

ရုံးအဆောက်အဦးထဲမှာ သူအရင်ကသိသော လုပ်ဖော်ကိုင်ဖက် များစွာကို တွေရသည်။ လှမ်းပြီး နှုတ်ဆက်ချင်စိတ်ကို အတင်းထိန်းထားရသည်။ သူတို့ရဲ့ အမြင်မှာတော့ သူက သူစိမ်းတစ်ယောက်သာ ဖြစ်၏။

ချိုင့်ဝေက ကျိုရှန်းကို သူ့ရုံးခန်းထဲ ခေါ်သွား၍ ခဏထိုင်ခိုင်းထားပြီး ၀င်လာတဲ့ ဖုန်းတစ်ခုကို ဖြေနေသည်။ ဖုန်းဖြေပြီးတော့ သော့တွဲကို ကောက်ကိုင်ကာ သူ့ကိုလှမ်းပြောသည်။ "သွားရအောင်။ အကို မင်းကို studio ဆီခေါ်သွားပြီး ပြမယ်။ သူဌေးဝမ်က ဒီ studio အတွက် ယွမ်၁၀သန်းကျော် မြှုပ်နှံထားတယ်။ လောလောဆယ် ဘေဂျင်းမှာ အကြီးဆုံး studio ပဲ။ ဒီမှာ နေ့တိုင်း အလုပ်တွေ အများကြီးရှိတယ်။ အရင်ဆုံး တောက်တိုမယ်ရ လိုက်လုပ်ကြည့်။ ပင်ပန်းမှာကို မကြောက်နဲ့။ ဒီနေရာမှာက အလုပ် ပေါင်းစုံရှိတာ... တစ်နေ့မှာ ကြော်ငြာရိုက်ဖို့ အခွင့်အရေးတောင် ရနိုင်တယ်။"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now