Ch 23 ရိုက်ကွင်းပေါ်ရှိ တင်းမာသော အခြေအနေ

7K 530 9
                                    

For Unicode
နောက်တစ်နေ့တွင် ကျိုရှန်း သည် ချိုင့်ဝေ ကိုရှာဖွေရန် ကုမ္ပဏီသို့သွားခဲ့သည်။ ကုမ္ပဏီမှာ မရှိသလောက်ရှားတဲ့ သူ‌ေဌးဝမ်ကို တကယ်ရှိဖို့ သူ မမျှော်လင့်ထား။

ကျိုရှန်း က ဒီကိစ္စက အရမ်းလေးနက်တယ်လို့ တွေးထားတာကြောင့် သူ အတော်လေးစိတ်လှုပ်ရှားနေခဲ့သည်။

သူ‌ေဌးဝမ်က သူ့ကိုကြည့်ရုံနဲ့ သူဘာတွေတွေးနေလဲဆိုတာ သိရာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာသောက်ရင်း
"စိတ်မလှုပ်ရှားပါနဲ့ အေးဆေးပေါ့"

ကျိုရှန်း သည် သူ့ပခုံးမှ အလေးချိန် ကျသွားသည်ကို ခံစားလိုက်ရသည်။ သူ‌‌ေဌးဝမ်သည် ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်ဖြစ်သည်။ အားလုံးအဆင်ပြေတယ် လို့ ပြောရင် အဆင်ပြေလို့သာ ဖြစ်၏

"မနေ့က ချိုင့်ဝေက ငါ့ကို ဖုန်းဆက်တယ်... ငါလည်း ၀မ်ယုတုန် ကို ဖုန်းထပ်ဆက်လိုက်တယ်... ဒါရိုက်တာဝမ်က သူ့ထက်အသက်သုံးဆယ်ကျော်ကြီးတယ် ပြီးတော့ သူ့ရဲ့စီနီယာလေ... သူ့ဒေါသကို မပြောင်းလဲနိုင်ဘူး... ဒီအဘိုးကြီးကတစ်ခါတစ်လေမှာ ဇီဇာကြောင်ပေမယ့် တကယ်ကိုအရည်အချင်းရှိတဲ့သူတစ်ယောက်... ၀မ်ယုတုန် သူ့ကို လေးစားမှု အတိုင်းအတာတစ်ခုလောက်တော့ ပေးသင့်တယ်... မနေ့က ငါ သူနဲ့ စကား ကြာကြာ ပြောလိုက်တယ် ...  နောက်နေ့ကမှ ဒါရိုက်တာဝမ်ကို တောင်းပန်မယ်လို့ ပြောတယ် ဒါရိုက်တာတမ်ဘက်ကလည်း တခြားရင်းနှီးမြုပ်နှံသူနဲ့ စကားပြောဖို့ တောင်းဆိုထားပါတယ်... မနေ့က သူနဲ့ စကား‌ေတာ်တော်ကြာကြာ ပြောထားတာမို့ စိတ်ပူစရာ မလိုဘူး"

ကျိုရှန်း က အားတင်းပြုံးပြပြီး
"စိတ်ပူရတာပေါ့ ...ကိုယိက စတန့်သမားသာသာ အဆင့်‌ေလ... ဘယ်သူ့ကိုမှ မစော်ကားရဲပါဘူးဗျာ"

သူဌေး၀မ် ကလည်း ပြုံးပြီး
"သူတို့တွေက ရှုပ်နေတာပဲကွာ .. ငါ့ရဲ့ငွေ (အမြတ်) တွေ ချောချောမွေ့မွေ့ ပြန်ရနိုင်စေဖို့နဲ့ ထပ်ကုန်စရာတွေ မရှိပါစေနဲ့လို့ပဲ ဆုတောင်းတယ်... သူတို့ကို သေချာစောင့်ကြည့်ထား... တစ်ခုခုဖြစ်ရင် ချက်ချင်းအကြောင်းကြား။"

"နားလည်ပါပြီဗျာ"

"ဟေး ချိုင့်ဝေ ကပြောတယ်... မင်းရဲ့ ချစ်သူကောင်လေးနဲ့ အတူနေတာဆို ဘယ်လိုဖြစ်နေတာလဲ... ဒီတခါ တကယ်ကို လေးနက်တာ‌ေပါ့ "

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now