Ch 107 အစ်ကိုတစ်ယောက်၏ မေတ္တာတရား

11.7K 896 64
                                    

For Unicode

"ကျိုရှန်း ဘယ်သူလဲ"
ချန်ယင်း က ဧည့်ခန်းမှ လမ်းလျှောက်လာကာ မေးလိုက်သည်။ ထိုလူကို တံခါးဝတွင်တွေ့သောအခါ သူမအလွန်အံ့အားသင့်သွား၏။

ယန်မင်စု နဲ့ ယန်မင်ရှို့တို့ဟာ တကယ့်ကိုဆင်တူပေမယ့် သူတို့၏ အသက်အရွယ် ဟန်ပန်အမူအရာတို့သည် တော်တော်လေး ကွဲပြားခြားနားပါသည်။

ချန်ယင်း က ချက်ချင်း သဘောပေါက်လိုက်သည်
"ကျိုရှန်း, သူ့ကို အထဲဝင်ခိုင်းလိုက်လေ ... ဘာလို့တံခါးဝမှာ ရပ်ခိုင်းထားတာလဲ?"

ကျိုရှန်းက သတိပြန်ဝင်လာပြီး
"ကျေးဇူးပြုပြီး ဝင်လို့ရပါတယ်"

ယန်မင်စု အိမ်ထဲဝင်လာသည်ကို သူကြိုဆိုပါသည်။ ယန်မင်စု အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ယာယီငှားရမ်းထားသောတိုက်ခန်းငယ်ကို လှည့်ပတ်ကြည့်သည်။ သူ၏စိတ်ခံစားချက်အားလုံးသည် နက်ရှိုင်းစွာလျှို့ဝှက်ထားသဖြင့် လူအများကသူတွေးတောနေသည့်အရာကို မမြင်နိုင်ကြ

ကျိုရှန်း က သူ့အခန်းကို ညွှန်ပြကာ
" အဲဒီမှာ စကားပြောကြရအောင်"

"မင်းအမေကို အရင်ဆုံးပြောစရာရှိသေးတယ်။ " ယန်မင်စုက ချန်ယင်း ကိုလှည့်ပြီး ပြုံးပြလိုက်ကာ "အန်တီ...မင်္ဂလာပါ"

ချန်ယင်းက ကျိုရှန်းကို ပဟေဠိဆန်သော အမူအရာဖြင့် ကြည့်လာသည်။ သူမ၏အမြင်တွင် ယန်မိသားစု၏သားများသည် အထူးအခွင့်အရေးရသူများဖြစ်သည်။ သူမသည် သာမန်ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်၍ ယန်မင်စု နှင့် မျက်နှာချင်းဆိုင်ရသည်ကို အတော်စိတ်လှုပ်ရှားနေသည်။

"အဲ ... ဟယ် ... ဟယ်လို၊ မင်းကမစ္စတာယန်ရဲ့အစ်ကိုဖြစ် ထင်တယ်... မင်းတို့နှစ်ယောက်က တော်တော်လေးဆင်တူတာပဲ"

ယန်မင်စု ခေါင်းညိတ်ပြကာ
"အန်တီ၊ မင်ရှို့ ကို ခဏခဏတွေ့ဖူးတာလား"

"သူ့ကို မြင်ဖူးတယ် ...ခဏခဏတော့ မတွေ့ဖူးပါဘူး သူကကောင်းတဲ့ ကလေးပါ ... သူက ငါ့ကိုချက်ပြုတ်တာတောင် ကူညီပေးတယ်"
ချန်ယင်း ကဆိုဖာကို ညွှန်ပြပြီး
"ထိုင်ပါဦး... ရေတစ်ခွက် ယူပေးမယ် "

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now