Ch 21 ကျဉ်းထဲ ကျပ်ထဲ အခြေအနေသို့ ရောက်ရှိခြင်း

6.7K 536 2
                                    

For Unicode

လန်ရှီရုံ မျက်လုံးများ အနည်းငယ်နီနေသည်။ သူသည် အသက်နှစ်ဆယ်ကျော်သာရှိသေးပြီး မည်သူ့ကိုမှ အမှန်တကယ်ချစ်မြတ်နိုးခြင်းမရှိပေ။ တကယ်တော့ သူက ယောက်ျားလား မိန်းမကြိုက်လားတောင် မသိပေမယ့် သူ့ရဲ့ ပင်ကိုယ်စိတ်က ရှန်း‌ေကာ ကို ဘယ်သူ့ကိုမှ မပေးချင်ဘူးဟု ပြောနေသယောင်

သူမအောင်မြင်မီ ကျိုရှန်း ကသာ သူ့အပေါ်ကောင်းသည်။ သူနာမည်ကြီးလာပြီးနောက်တွင်၊ သူ့အနီးနားရှိလူများသည် သူ့အပေါ် အမှန်တကယ်စိတ်ကောင်းမရှိကြ ။

ကျိုရှန်း မျက်တောင်ခတ်ပြီး အမြန်ငြိမ်သက်သွားကာ
"ရှီရုံ၊ မင်းဘာပြောနေတာလဲဆိုတာ မင်းသိရဲ့လား"

"ကျွန်တော်သိတယ်။"

"ကိုယ့်ကို အရင်လွှတ်ပါ"
ကျိုရှန်း က သူ့ကို နည်းနည်းတွန်းပေမယ့် သူ့ကို လွှတ်မ‌ေပး။ လန်ရှီရုံ က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေလျက်။ ကျိုရှန်း က
"သွားခွင့်ပြုပါကွာ...တခြားသူတွေက ငါတို့ကို ဒီလိုမြင်ရင် ဘယ်လို ကောလဟာလတွေ ဖြစ်လာမယ်ဆိုတာ မင်းမသိဘူးလား"
ကျိုရှန်း က သူ့ကို ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သည်။

လန်ရှီရုံ သည် မျက်လွှာချသွားပြီး နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကာ
" ရှန်းကော ကျွန်တော် လေးလေးနက်နက်ပြောတာပါ... တခြားဘယ်သူ့ကိုမှ မယုံဘူး... သူတို့အားလုံးက ကောင်းချင်ယောင်ဆောင်နေကြတာ.. အစ်ကိုကမှ ကျွန်တော့အတွက် တကယ်ကောင်းတဲ့သူပဲ၊ ."

ကျိုရှန်း က မချိပြုံးဖြင့်
"ကိုယ်လည်း ကောင်းလှတယ်မဟုတ်ပါဘူး မင်းကိုတောင် ကြိုက်ခဲ့သေးတာပဲ"

လန်ရှီရုံ က သူ့ကို ပြုံးပြပြီး
"အနည်းဆုံးတော့ ကျွန်တော့မှာ ဘာမှမရှိတုန်းက အစ်ကိုပဲ ကျွန်တော့ကို ခြွင်းချက်မရှိ ကူညီပေးဖို့ ဆန္ဒရှိတယ်... အရင်က ကျွန်‌ေတာ့ကို ကြိုက်တယ်ဆိုတာ သိတယ်... အခုကော ဘယ်လိုလဲ... အခု ခံစားချက်နည်းနည်းလေးတောင် မရှိ‌ေတာ့ဘူးလား ဟင်"

ကျိုရှန်း က သူ့ကို ဘယ်လိုရှင်းပြရမှန်းမသိဘူး။ ထိုအချိန်တုန်းက‌ေတာ့ လန်ရှီရုံ အတွက် သူ့ခံစားချက်ကို 'သဘောကျတာ ဟု ပြောနိုင်သည်။ သူ့ကိုတကယ် သဘောကျခဲ့မိသည်။ ဒါပေမယ့် ယန်မင်ရှို့ ကို သူပထမဆုံးတွေ့တုန်းကနဲ့ အတူတူပါပဲ။ သူ့အပေါ်ယံ အသွင်အပြင်ကို သဘောကျခဲ့မိပုံပါပဲ ကျိုရှန်း သည် ရုပ်ရည်ချောမောသူဟု သူထင်မြင်ယူဆလို့ရသော ယောက်ျားလေးများကို သဘောကျသည်ကို တခါမှ မဖုံးကွယ်ခဲ့။ ဒါပေမယ့် ဒီလူကို သူ့နှလုံးသားထဲမှာ တကယ်ရှိဖို့အတွက် လုပ်ငန်းစဉ်တစ်ခုလို တဆင့်ပြီး တဆင့် သွားရမည်။ လန်ရှီရုံ သည် သူနှင့်အတူ ထိုကဲ့သို့ အချိန်မပေးခဲ့ဘဲ ထားသွားခဲ့သည်။ အဲ့တော့ ခံစားချက်က ကြာရှည်မခံ။ သူ့အတွက် ဘာခံစားချက်မှ မရှိတော့ဘူး။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now