Ch 89 လန်ရှီရုံ၏ MV မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

14.1K 973 22
                                    

For Unicode

ကျိုရှန်း အိမ်သို့ တိတ်တဆိတ်ပြန်ရောက်ပြီးနောက် သူ၏ခေါင်းသည် ခေါင်းအုံးနှင့်ထိမိသည်နှင့် အိပ်ပျော်သွားသည်။ အိပ်ပျော်သွားတာ နောက်နေ့မွန်းတည့်ချိန်အထိ

ချန်ယင်းက သူ့တံခါးကို လာခေါက်သည်။

"ကျိုရှန်း, ထပါဦး သားကို လာရှာနေလို့

ကျိုရှန်းသည် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကိုဖွင့်ပြီး အိပ်ရာထဲက ကုန်းကျုံးထရသည်။ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ယန်မင်ရှို့ လာတာများလား ဖုန်းကို ပိတ်လိုက်သောကြောင့် ယန်မင်ရှို့ သူ့ကိုတိုက်ရိုက်ရှာရန် ဖြစ်နိုင်သည်။

သူက အကျီဝတ်ရင်း မေးလိုက်သည်။

"အမေ ဘယ်သူလာရှာတာလဲ"

"သူက လန်ရှီရုံ... သားကို စောင့်နေတယ် မြန်မြန်လုပ်"

ကျိုရှန်းသည် သက်ပြင်းချလိုက်သည်။ သူဝတ်စားဖြီးလိမ်းပြီးနောက် ဆေးကြောပြီး အခန်းထဲမှထွက်လာသည်။

လန်ရှီရုံသည် ဧည့်ခန်းတွင်ထိုင်နေစဉ် Autograph လက်မှတ်ထိုးရင်း အန်တီဝမ် ထံမှ မေးခွန်းအမျိုးမျိုးကိုစိတ်ရှည်စွာ တုံ့ပြန်နေသည်။

"ရှီရုံ?"

လန်ရှီရုံသည်ခေါင်းကိုလှည့်၍

"ရှန်းကော အစ်ကို့ဖုန်းက စက်ပိတ်ထားလို့ ကျွန်တော် ဒီလာခေါ်တာ "

" အစ်ကိုကလေ တော်တော်မေ့တတ်တာပဲ... ဒီနေ့ ကျွန်တော့အယ်လ်ဘမ်အသစ် ထွက်လာပြီ... အစ်ကို့ကို အဲဒီကို ခေါ်သွားချင်လို့"

ချန်ယင်းက သူတို့စကားပြောနေသည်ကို ကြားရသောအခါ သူမရဲ့နှလုံးကဗုံများကဲ့သို့ ခုန်နေသည်။ လန် လို့ခေါ်သော ဒီနာမည်ကြီးအနုပညာရှင်ကြီးက ဘာလို့သားဖြစ်သူကို "ရှန်း‌ကော" လို့ အမြဲပြောနေတာလဲ။ ကျိုရှန်းက သူ့အစ်ကိုကြီးလိုပဲ။ ဒါက သူမကိုအရမ်းပျော်စေလို့ ဘာမှမပြောနိုင်ဘူး။

ကျိုရှန်း၏မျက်နှာသည် ဖြူဖျော့ကာ သူ၏အမူအရာသည် ပြီးပြည့်စုံနေသော်လည်း
မိမိကိုယ်ကို ရှင်သန်ရန် အတင်းအကျပ်ခိုင်းစေပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now