Ch 68 ကျိုရှန်း အမည်ကို ခေါ်လိုက်ခြင်း

11.8K 908 58
                                    

For Unicode

ကျိုရှန်း သည် ခရီးသည်စီးသော ထိုင်ခုံပေါ်တွင် လဲလျောင်းနေပြီး ညင်ညင်သာသာဖြင့် အပေါ်ကို တက်လိုက် အောက်ကို လျောလိုက် အိပ်နေသည်။ အရက်၏ လွှမ်းမိုးမှုအောက် သူ၏ အသိတရားသည် လွတ်ထွက်သွားသည်။ မိန်းမောနေ၍ သူဘယ်ရောက်နေလဲဆိုသည်ကိုပင် သူမသိတော့

သတိမရှိတရှိအချိန်တွင် ယန်မင်ရှို့က သူ့ကို ကားထဲမှ ဆွဲထုတ်လိုက်သည်ကို သူသိသည်။ ဓါတ်လှေကား အပေါ်သို့ တက်သွားသည်ကိုလည်း သူခံစားရသည်။ သူတို့နေသော နေရာသို့ရောက်ပြီဆိုသည်ကို သူသိလိုက်သည်။

ယန်မင်ရှို့မှာ မောလွန်း၍ ချွေးများပင် ထွက်လာသည်။ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကျိုရှန်း ပါးကို ပုတ်လိုက်သည်
"ထတော့… ရေသွားချိုး"

ကျိုရှန်း က သူ့ကို မျက်လုံးမှေးစင်းစွာ ကြည့်လိုက်ပြီး
"မချိုးတော့ဘူး … အိပ်တော့မယ်"

"မရဘူး … အခုထ နံစော်နေတာပဲ"
ယန်မင်ရှို့ သူ့ထံက အနံ့ကိုလည်း သည်းမခံနိုင် လန်ရှီရောင် အင်္ကျီတ်ထားသည်ကိုလည်း မုန်းသည်။ သူက ခွေးတစ်ကောင်ကို ပြုစုပျိုးထောင်တယ်ဆိုလျှင်တောင် သူကြိုက်သော အဝတ်အစားများပင် ဝတ်ရမည် မဟုတ်ပါလား

ကျိုရှန်းကို ကုတင်ပေါ်မှ အားနှင့် ဆွဲချလိုက်ပြီး တချိန်တည်းမှာပင် ဆွယ်တာအင်္ကျီကို ဆွဲချွတ်လိုက်ကာ ရွံရှာသည့်နှယ် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

ကျိုရှန်း စိတ်မရှည်တော့
"သူဌေးယန် ကျွန်တော်ကို အိပ်ခိုင်းဦးမှာလား"
သူ၏ မျက်ခွံများသည် ဖွင့်ထားရန် ကျားကန်ထားရ၏

ယန်မင်ရှို့က သူ့ကို မယိမ်းမယိုင် ဆွဲထူလိုက်သည်
"မအိပ်ရဘူး ရေသွားချိုး"
ပြောသည့်အတိုင်းပင် ကျိုရှန်းကို ရေချိုးခန်းထဲသို့ အတင်းခေါ်သွား၏။
"ငါမင်းကို သတိပေးလိုက်မယ် … နောက်နောင် ဒီလိုမျိုး အရက်သောက်ကြည့် မင်းကို လမ်းမပေါ် လွှင့်ပစ်မယ်"

ကျိုရှန်းက ခနဲ့သည်
"ပြီးမှ ပြန်လာကောက်မယ် မပြောနဲ့"

ယာမကာက သူ့ကို ရဲစွမ်းသတ္တိများပေး၍ ကျိုရှန်း ပြောသော စကားလုံးများက သူ့ကို ဆူပူနေသယောင်ဖြစ်စေသောကြောင့် ယန်မင်ရှို့ကို အလွန်အမင်း ထိတ်လန့်စေသည်။ အရက်မူးလွန်နေသူများကို သူ အမြဲလိုလို ရွံသည်။ သူတို့သည် ဆိုးဆိုးရွားရွား ပုပ်စပ်နေပြီး သူတို့၏ စိတ်များသည် လေးလံထိုင်းမှိုင်းကာ စကားလုံးအသုံးအနှုန်း ကြမ်းတမ်းလာသည်မှာတော့ ပြောနေစရာမလိုတော့

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now