Ch 58 ယန်မင်ရှို့နဲ့တွေ့ရန် ကျိုရှန်းကို လာခေါ်ခြင်း

8.9K 674 9
                                    

For Unicode

နောက်နေ့မနက်မှာ ကျိုရှန်း က အဒေါ်ဝမ်ကို ဖုန်းခေါ်ပြီး ချန်ယင်း ရဲ့ အခြေအနေအကြောင်း ပြောပြ၏။ သူမကို အလုပ်ခန့်ရန် အဓိကရည်ရွယ်ချက်မှာ ချန်ယင်း ကို ပြုစုစောင့်ရှောက်ရန်ဖြစ်ပြီး ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ပို့ဆောင်‌ေပးရန်ဖြစ်သည်။

ချန်ယင်း ရဲ့ အခြေအနေကို ကြားတော့ အဒေါ် ဝမ်ငိုပြီး ဒီသားအမိရဲ့ ဘဝဟာ တကယ်ကို မလွယ်ကူခဲ့ဘူးလို့ ပြောကာ သဘောတူ၏။

နောက်ဆုံးမှာတော့ ချန်ယင်း နဲ့ အတူ တစ်ပတ်ကို နှစ်ကြိမ် လာဖို့ သဘောတူခဲ့ကြပါသည်။ ထို့အပြင် တိုက်ခန်းကို သန့်ရှင်းရေးလုပ်ရန်လည်း ကူညီပေးလိမ့်မည် ။ သူမ လာတိုင်း ယွမ်ရှစ်ဆယ်ပေးရမည်။

ချန်ယင်း သည် dialysis ကုသမှုကို လိုက်နာသရွေ့ သာမန်ချက်ပြုတ်ခြင်းနှင့် အခြားအလုပ်များလုပ်ခြင်းသည် ပြဿနာမဟုတ်ပါ။ ငွေအကန့်အသတ်ကြောင့် ကျိုရှန်း သည် အချိန်ပြည့် အိမ်စောင့်တစ်ဦးကို မတတ်နိုင်ပေ။ အိမ်စောင့်ရောက်လာသည့်အကြိမ်အရေအတွက်ပေါ် မူတည်၍ လစာပေးရမည်။ စနေနေ့တွင် အချိန်ရလျှင် ချန်ယင်း ကို သူကိုယ်တိုင်ခေါ်သွားပြီး ငွေသက်သာနိုင်သည်။ ဒါပေမယ့် တကယ်တမ်းတော့ သူအလုပ်စလုပ်ပြီး နောက်ပိုင်းကတည်းက ပိတ်ရက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိခဲ့။

အခုတော့ သူရဟတ်လို လှည့်ပတ်ကာ အပိုငွေရှာရမည်။ အချိန်အားရင် အားသလို ချန်ယင်းအတွက်လည်း ဆေးအာမခံချက်များ ရှာနိုင်ရမည်။

မျက်လုံးဖွင့်လိုက်တာနဲ့  သူလုပ်စရာတွေ အများအပြား ရှိနေသည်ကို သူခံစားလိုက်ရသည်။ အရင်က ဒီလောက်ပင်ပန်းတယ်လို့ တစ်ခါမှ မခံစားဖူးဘူး။

ခဏအကြာ ကုမ္ပဏီသို့ သူရောက်သွားသည်။ ချိုင့်ဝေ က သူ့ကို ရုံးခန်းထဲကို တိုက်ရိုက်ခေါ်သွား၏။

ချိုင့်ဝေ က
"အထဲမှာ ယွမ် ငါးသောင်း ရှိတယ်... အရေးပေါ်သုံးစရာရှိတာကို သုံး... သူ‌ေဌးဝမ်က သူ့ အဓိဌာန်အတွက် တိဗက်ကိုသွား‌နေတယ်... အခုအချိန်မှာ သူ့ကို ဘယ်သူမှ မဆက်သွယ်နိုင်ဘူး... သူပြန်လာမှ ပဲ ပြောတော့မယ်... သေချာပေါက်ကူညီပေးမယ်လို့ ငါယုံတယ်... ဒါပေမယ့်မင်းတို့နှစ်ယောက်ဆက်ဆံရေးက သိပ်မရင်းနှီးသေးတော့ အများကြီးတော့ ရမှာမဟုတ်ဘူး ...မင်းအတွက်လည်း ငွေမြန်မြန်ရမယ့် အလုပ်တွေ ရှာပေးရဦးမယ် ... ငါမင်းအတွက် မိတ်ဆက်‌ေပးသမျှ အလုပ်တွေကို တတ်နိုင်ရင် ကုမ္ပဏီက ဘယ်သူ့ကိုမှ မပြောနဲ့ မင်းကို မနာလိုဖြစ်လိမ့်မယ်။"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now