Ch 60 ချန်ယင်း ယုံကြည်လာစေရန် စည်းရုံးသိမ်းသွင်းခြင်း

8.1K 643 12
                                    

For Unicode

ကျိုရှန်း သည် နေ့လယ်စာစားချိန်တွင် အိမ်ပြန်ခဲ့သည်။

အန်တီဝမ်နဲ့ ချန်ယင်က သူ့ကို ဒီလောက်စောပြီး ပြန်လာဖို့ မမျှော်လင့်ထားဘူး။ ချန်ယင်း က "အားရှန်း မင်း အလုပ်မသွားဘူးလား"

ကျိုရှန်းက သူမကို သက်တောင့်သက်သာဖြစ်စေသော အပြုံးကို ပြသလိုက်သည်။
"ဝေကောက ကျွန်တော့်ကို ခွင့်ရက် နည်းနည်းပေးလိုက်တယ် ဒီတစ်ပတ်လုံး အမေနဲ့ အတူနေမယ်။"

"သား အမေ့ကို တွဲနေစရာ မလိုပါဘူး... အမေ အိပ်ယာထဲ လဲနေတာ မဟုတ်ဘူး... အလုပ် သွားလိုက်၊ မင်း အလုပ်က ရှိသေးတယ်... ခွင့်မယူနဲ့။"

"အမေ၊ အားလပ်ရက်တွေကို အတည်ပြုပြီးပြီ... ပြန်သွားစရာ အကြောင်းမရှိဘူး... စိတ်မပူနဲ့၊ ရက်ပိုင်းပဲရှိသေးတာ။"

အန်တီဝမ်က သူပြန်လာတာကိုမြင်တော့ ပြန်သွားတော့မယ်လို့ပြောလာသည်။

ကျိုရှန်း က သူမရှိရာ တံခါးဆီ လှမ်းလာပြီး
"အန်တီဝမ်၊ ကျွန်တော် ပိုက်ဆံနည်းနည်းပါးပါး ချေးထားလို့ အခု အရမ်းစိတ်မဆင်းရဲ‌ေတာ့ဘူး အဲဒါကို စဉ်းစားပြီး အမေ့ကို အချိန်ပြည့် ပြုစုဖို့ အန်တီကို ငှားချင်တယ်... ပိုကြီးတဲ့ တိုက်ခန်းကို ငှားလိုက်မယ်... စားဖို့သောက်ဖို့ရော နေဖို့ထိုင်ဖို့ရော တစ်ပတ်ကို တစ်ရက် ပိတ်ရက် ပေးမယ် တလကို လစာ ယွမ်1800 ပေးမယ်... ကျွန်တော်က အိမ်မှာ မရှိတာ များတယ်လေ ... အမေ့ကို ဂရုစိုက်ပေးပြီး ဆေးရုံ လိုက်ပို့ပေးနော်"

အန်တီဝမ်က မြန်မြန်ဆန်ဆန်ပဲ သဘောတူပါသည်။ အငြိမ်းစားယူပြီးနောက် ဘာမှလုပ်စရာမရှိတော့ဘူး။ သူမလည်း စိတ်ဓါတ်ကျတဲ့ အချိန်တွေ အများကြီး ရှိခဲ့ပါသည်။

ကျိုရှန်း က အိမ်အပြန်လမ်းမှာ အားလုံးစီစဉ်ထားပြီးသား။ ယန်မင်ရှို့ ပေးမယ့် ကွန်ဒိုက ချန်ယင်းကို အဲဒီ့မှာ နေခွင့်မပေးဘူး။ ချန်ယင်း အတွက် အခြားနေရာ ငှားရမည် ။ အိပ်ခန်း ၃ ခန်းပါရှိသည်။ သူအဲဒီမှာနေမယ် ဒါပေမယ့် ယန်မင်ရှို့ က သူ့ကိုတွေ့ချင်ရင်တော့ အဲဒီကွန်ဒိုကိုသွားလိုက်မည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now