ယန်မင်ရှို့ဘက်က အမြင် (၂)

17.6K 1K 15
                                    

For Zawgyi

ကမ္ဘာကြီးကအရမ်းကျယ်တယ် ... ကျိုရှန်း အဲဒီကတည်းကပျောက်ကွယ်သွားလေရဲ့။ ကျိုရှန်း သေပြီဟုလူတိုင်းထင်ကြသည်။ ဒါပေမယ့် ကျိုရှန်းရဲ့ အလောင်းကို မတွေ့သေးသရွေ့ သူ့နှလုံးသားက အဲဒီမျှော်လင့်ချက်ရဲ့ အလင်းတန်းကို ဆုပ်ကိုင်ထားပါသည်။ ဤမျှော်လင့်ချက်သည် သူ့နှလုံးသားမှမီးပွားများနှင့်တူလေသည်။ မီးပွားများ များလေလေ မီးတောက်ကြီးလာလေလေဖြစ်ပြီး မြက်ခင်းလွင်ပြင်မီးစတင်မည့်နေ့ကိုသာ စောင့်ဆိုင်းနေခဲ့သည်။

ထုံးတမ်းစဉ်လာနဲ့ သွေဖယ်နေသော မျှော်လင့်ချက်ကင်းမဲ့မှု ပြသနာထဲ သူတိုးဝင်သွားပါပြီ။  ကျိုရှန်းသေလားရှင်လားအခြေအနေအောက် ဤမေးခွန်းအတွက် တိကျသေချာသော အဖြေကို မည်သူမျှ မပေးနိုင်သဖြင့် သူသည် စိတ်ဓာတ်ကျလာသည်။ သူမစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်။ သူ့ခေါင်းအထက်ကောင်းကင်ကပြိုကျသွားပြီလို့သူခံစားရ၏

သူဂရုမစိုက်ခဲ့ဖူးသောဤသူ (ကျိုရှန်း) သည် သူအများကြီး အားစိုက်စရာမလိုပါဘဲ သူ့အနားဆက်ရှိနေမည်ဟု ထင်ခဲ့မိပါသော ဒီလူသား……  ကျိုရှန်း လုံးဝပျောက်ကွယ်သွားပြီးသည့်နောက်တွင်  ... သူ (ယန်မင်ရှို့) သည် ဤလူ (ကျိုရှန်း) သည် မည်မျှအရေးကြီးသည်ကို သူ့ဘာသာ သဘောပေါက်လာခဲ့သည်။

သူသည် ကျိုရှန်း နှင့် သူ၏အတိတ်အမှတ်တရများအားလုံးကို ထပ်ခါထပ်ခါ ထပ်တလဲလဲ မှတ်သားခဲ့ပြီး အသေးစိတ်အချက်အလက်များကို မပျက်မကွက် ပြုလုပ်ခဲ့သည်။ အမှန်တော့ ကျိုရှန်း ပြောခဲ့သောစကားတိုင်းကို ပြန်သတိရဖို့ မမောတမ်း ကြိးစားခဲ့ရသည်။ သူစကားပြောသောအခါ သူ့အမူအရာလေး ။ သူပိုသတိရလေလေ ကျိုရှန်း၏ကောင်းမြတ်မှုကို ခံစားလာလေလေ၊ သူ့နှလုံးသား ကွဲအက်လေလေဖြစ်သည်

အဲဒီအချိန်မှာ နေ့နှင့်ညဟူသည် ဘာမှအရေူမပါတော့ အခိုက်အတန့်တိုင်းဟာ အဆုံးမဲ့စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန် အိပ်မက်ဆိုးတစ်ခုကလွဲလို့ အရာအားလုံးကို တွေ့ချင်ခဲ့တာ။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ကျိုရှန်း ၏ နွေးထွေးသောခန္ဓာကိုယ်ကိုထိနိုင်သည်။ လှည့်လိုက်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားမည် ဘယ်စောအခါမှ လွှတ်ပေးတော့မည်မဟုတ်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now