Ch 90 သူတို့၏ ခံစားချက်များ ပြောဖြစ်ကြခြင်း

15.3K 1K 73
                                    

For Unicode

သတင်းထောက်များသည် ကိုယ်စီ ကိုယ်စီ ခေါင်း လှည့်လာကြသည်။ ယန်မင်ရှို့ဟာ သူ့ရဲ့ကိုယ်ရံတော်များနှင့်အတူ လာနေသည်ကို သူတို့တွေ့သောအခါ ဘယ်သူ့ကမှ သူတို့ကိုမတားဆီးရဲကြ။ အဲဒီအစား သူတို့က သူ့ကို စေတနာအလျောက် လမ်းပေးခဲ့သည်။

ယန်မင်ရှို့သည် ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်းရှိ ပုံမှန်မဟုတ်သောသူ ဖြစ်သည်။ သူဟာသရုပ်ဆောင်တစ်ယောက်သာမကဘဲ မြို့တော်ရဲ့အင်အားအရှိဆုံး ဂုဏ်သတင်းအကြီးဆုံး မိသားစုကိုလည်း ကိုယ်စားပြုသည်၊ သူသည် အေးဆေးစွာလျစ်လျူရှုပြီး မာနထောင်လွှားစွာပြုမူနေသော်လည်း မည်သည့်မီဒီယာကမျှ သူနှင့် ပတ်သက်၍ အပျက်သဘောဆောင်သော ပြောဆိုခြင်းမရှိ။ ဤအချိန်တွင်သူသည် ဤမျှကြောက်မက်ဖွယ်ကောင်းသောပုံ ပေါက်နေသည်ကို မြင်နေရသော်လည်း မည်သူမျှ သူ့ကိုပိတ်ဆို့ဝံ့မည် မဟုတ်ပေ။

ယန်မင်ရှို့က ကျိုရှန်းကို တည့်တည့်ကြည့်သည်။ အေးဆေးတည်ငြိမ်စွာ ချဉ်းကပ်၍ သူ၏လက်ကို ညင်ညင်သာသာကိုင်ပြီး နုးနူးညံ့ညံ့ ပြောလိုက်သည်။

“ သွားကြစို့” 

သူ၏အသံသည် အလွန်တိုးနေသော်လည်း ပတ်ပတ်လည်၌ လုံးဝတိတ်ဆိတ်နေသည်။ ထို့ကြောင့်သူပြောခဲ့သည့် စကားလုံးများကို လူတိုင်းကြားခဲ့ရသည်။

ဤအသစ်ရောက်ရှိလာသော ကျိုရှန်းနှင့် ပတ်သက်၍ သူ၏အတင်းအဖျင်းများနှင့် ထိတွေ့မှုများသည် မကြာသေးမီက အဆတိုးများပြားလာသည်။ မကြာခဏဆိုသလို ၄င်းသည် လန်ရှီရုံ, ဝမ်ယုတုန် နှင့် ယန်မင်ရှို့ကဲ့သို့သော နာမည်ကြီးကြယ်များနှင့် ဆက်စပ်နေသည်။ ဘယ်သူမှ လူသိရှင်ကြားမပြောရဲပေမဲ့ သူတို့ဟာတံခါးပိတ်နောက်ကွယ်မှာ အတင်းအဖျင်းမပြောဘူးလို့ မဆိုလို။ အနည်းဆုံး ယန်မင်ရှို့မှ ကျိုရှန်းအား ဝယ်နေသည်ဟူသော သတင်းသည်  ကွေ့ကျိုးမှ ပြန်လာချိန်မှစ၍ လူများစွာ၏ နားကိုကြားခဲ့ပြီးဖြစ်သည်။ ဤအချိန်၌ လူနှစ်ဦးသည် အမှန်တကယ် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခဲ့ကြသောကြောင့် သတင်းထောက်များသည် ဤကောင်းမွန်သော အခွင့်အလမ်းကို စွန့်လွှတ်လိမ့်မည်မဟုတ်ပေ။ ယန်မင်ရှို့ပြန်လှည့်ပါက ဓါတ်ပုံရိုက်ရန် စောင့်နေမှုများသည်  မီးမောင်းထိုးသကဲ့သို့ သူတို့အားလုံးသည် မျက်လုံးများကို သေချာစိုက်ကြည့်နေသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now