Ch 29 ယန်မင်ရှို့ မိသားစုအကြောင်း သိရှိသွားရခြင်း

6.9K 544 22
                                    

For Unicode

မကြာခင်မှာပဲ နှစ်သစ်ကူး အားလပ်ရက် နီးလာပါပြီ။ အချိန်တွေအတူ ဖြတ်သန်းလာသည်နှင့်အမျှ ယန်မင်ရှို့ ၏ စိတ်အခြေအနေသည် ပိုဆိုးလာသည်ကို ကျိုရှန်းသတိပြုမိသည်။ တစ်ခါတစ်ရံ စာကြည့်ခန်းထဲမှာ အချိန်အကြာကြီး ပုန်းနေတတ်သလို တခါတရံ စကားမပြောဘဲ တီဗီရှေ့မှာ ထိုင်နေတတ်သည်။

ကျိုရှန်း က သူ့လုပ်ငန်း အဆင်မပြေဘူးလား‌လို့ မေးမယ်ဆိုပေမဲ့လည်း မမေးဖြစ်ခဲ့။ တကယ်တော့ နှစ်ကုန်ရင် အလုပ်များတတ်ကြတယ်လေ

ယန်မင်ရှို့ ဘာတွေလုပ်နေလဲ သူတကယ်မသိ‌ေပ။ ငွေရေးကြေးရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းနှင့် ဆက်စပ်နေပုံရသည်။ ဒါပေမယ့် အဲဒါတွေက ကျိုရှန်း နားမလည်တဲ့ အရာတွေဖြစ်ပြီး မေးဖို့လည်း စိတ်မပါခဲ့။ ယန်မင်ရှို့ သည် ဝင်ငွေကောင်းကြောင်း သူသိသည်။ သူဝယ်တဲ့ပစ္စည်းတွေက အမြဲတမ်း အကောင်းဆုံးပဲ။ နှစ်ယောက်သား အိမ်အတွက် အသုံးစရိတ်ကို ဘယ်တော့မှ မခွဲခဲ့ကြပါဘူး။ လိုအပ်ရင် ကြုံတဲ့သူက ၀ယ်လိုက်တာပဲ သူတို့နှစ်ယောက်လုံးက ငွေရေးကြေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတာမျိုး မရှိ

ဆင်ဖြူတော် မှီပြီး ကြံစုတ်တယ်ဟု ဆိုသလိုမျိုး ယန်မင်ရှို့ ကြောင့် ကျိုရှန်း သည်လည်း ကောင်းမွန်သောအရာများစွာကို အသုံးပြုရလေသည်။

ယေဘူယျအားဖြင့်၊ နှစ်ကုန်တွင် ဖြေရှင်းရန် လိုအပ်သော အကြပ်အတည်းများ အများအပြားရှိသောကြောင့် အလုပ်များနေခြင်းသည် ရှောင်လွှဲ၍မရပေ။ အလုပ်သွားစရာမလိုသော ကျိုရှန်း ပင်လျှင် ဤရက်များတွင် ကုမ္ပဏီ၏နှစ်ပတ်လည်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ ယန်မင်ရှို့ ၏အမူအရာကိုမြင်လျှင် သူအလုပ်အလွန်အကျွံလုပ်နေသည်မှာ သိသာလှပါသည်။

ယန်မင်ရှို့ က ခေါင်းခါပြီး
"ဘာမှမဖြစ်ပါဘူး"ပြောပြီး
  အခန်းထဲသို့ မျက်နှာမကောင်းဘဲ ၀င်သွား၏

ကျိုရှန်း  သူ့ကို ကူညီချင်စိတ်သည် ရည်ရွယ်ချက်ကောင်းဆို‌ေသာ်လည်း သူ့မှာ ပါဝါလည်းမရှိ အာဏာလည်းမရှိ

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now