Ch 39 နောက်ဆုံးဖုန်းခေါ်ဆိုမှု

10.9K 728 32
                                    

For Unicode

ချိုင့်ဝေ ၏ဇနီး နေမကောင်းဖြစ်‌ေနသောကြောင့် ယနေ့တွင် သူမနှင့် အတူနေရန် အိမ်တွင်နေခဲ့သည်။ ကျိုရှန်း ကိုတွေ့လိုက်ရတော့ ခဏလောက် ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့ကော်လာကို ဆွဲကိုင်လိုက်ပြီး
"လွန်ခဲ့တဲ့ နှစ်ရက်က မင်းဘယ်မှာနေတာလဲ.... မင်းမသေ‌ေသးဘူးဆိုရင် မင်း ဒါကို ဘယ်လိုပုံစံနဲ့ ရှင်းပြမယ်ဆိုတာ ငါကြားချင်တယ်"

ကျိုရှန်း သည် အိမ်ထဲသို့ဝင်ရန် ချိုင့်ဝေ ၏ရင်ဘတ်ကိုတွန်းလိုက်ရင်း မောပန်းနွမ်းနယ်နေပုံရပြီး
"ဝေ‌ေကာ အထဲမှာ စကားပြောရအောင်"

ကျိုးရှန်း၏အမူအရာမှာ ကြေကွဲစရာတစ်ခုခုကို ကြုံတွေ့ခဲ့ရသလိုမျိုး ဖြူဖျော့သွားသည်ကို ချိုင့်ဝေ လည်း နားလည်ခဲ့သည်။ ဒါက သူ့ကို ပိုလို့တောင် စိတ်ပူစေသည်။

ကျိုရှန်း ကို သူသိတာ ဆယ်နှစ်ကျော်ကြာပြီ။ ကျိုရှန်း သည် တာဝန်ယူမှုရှိ‌ေသာသူတစ်‌ေယာက်  ယုံကြည်စိတ်ချရသောသူတစ်ယောက် ။ ကျိုရှန်း က သဘောတူထားတဲ့အရာတွေကို သူဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး။ အကြောင်းပြချက် တစ်ခုခုရှိလို့သာ။ နောက်ဆုံးမိနစ်မှာ စိတ်ပြောင်းရမယ်ဆိုရင်တောင် ဖုန်းကိုပိတ်ပြီး အကြောင်းပြချက်မရှိဘဲ ပျောက်သွားမယ့်သူမဟုတ်။ အဆင်သင့်ဖြစ်နေပြီလို့ သေချာပေါက်ပြောလိမ့်မည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ကျိုရှန်း သည် ထိန်းချုပ်မှုတစ်ခုခု အောက်ရောက်သွားလို့သာ ဖြစ်ရမည်။

ထို့ကြောင့် ချိုင့်ဝေ သည် ကျိုရှန်း မတော်တဆမှုဖြစ်မည်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ မနေ့ညက ကျိုရှန်း ရဲ့အိမ်ကို သွားဖို့စီစဉ်ထားပေမယ့် သူ့မိန်းမကလည်း နေလို့မကောင်း။ သူ တစ်ညလုံး မအိပ်ရ။ ထိုအချိန်တွင်၊ လန်ရှီရုံ သည် ကျိုရှန်းအိမ်သို့ သွားမေး၏

လန်ရှီရုံ ထံမှ တစ်စုံတစ်ရာ မကြားရသေးမီ ကျိုရှန်း သည် သူ့အိမ်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။

ချိုင့်ဝေ က သူ့ကို အိမ်ထဲ‌ေခါ်လိုက်ပြီး ဆိုဖာပေါ် ထိုင်ခိုင်း၏။ ဇနီးဖြစ်သူ အိပ်ခန်းထဲက ထွက်လာပြီး သူတို့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now