Ch 73 ကျိုရှန်းအပေါ်ထားသော ယန်မင်ရှို့ ခံစားချက်အား အထင်အမြင်သေးမိခြင်း

11.2K 900 179
                                    

For Unicode

ဝမ်ယုတုန်က ဒေါသသံဖြင့်
"ဒါရိုက်တာ ဘာပြောပြော ဒါဟာ တန်ယင်းအမှားပဲ … သူကကျွန်တော့လူ ကျွန်တော့အပိုင်းမှာ သူဟာ တာဝန်ကို လျစ်လျူရှုတာပဲ… သူ့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်…  ကျွန်တော်တို့ ပြန်ကြတဲ့အခါ ကုမ္ပဏီရောက်တာနဲ့ သူ့ကို အပြစ်ပေးမှာပါ … အခုတော့ ကျွန်တော်တို့ အချိန်စာရင်းတွေက လုပ်ပြီးသားမလား အခုချိန်အပြစ်ပေးလို့ကလည်း မသင့်လျော်ဘူးလေ သူ့ကို အဝတ်အစား ပြန်လဲခိုင်းပါ့မယ်…  ဒီအတွက်လည်း လျော်ကြေးပေးတဲ့အနေနဲ့ သူ့ကို သေချာလုပ်ခိုင်းပါ့မယ်… ဒါဆို အဆင်ပြေမလား"

ဒါရိုက်တာကို ရွေးချယ်လို့မရအောင် ဝမ်ယုတုန်က စကားလုံးများပစ်သွင်းလိုက်သည်။ ဒါရိုက်တာလည်း ဘာပြောလို့ ပြောရမလဲမသိတော့။ အမှန်တော့လည်း ဒါရိုက်တာက ရုပ်ရှင်ရိုက်မည့် အခြေအနေ ကြာမြင့်မည်ကိုသာ စိတ်ပူခြင်းဖြစ်သည်။ တခြားသူများ၏ အခြေအနေ အကြောင်းအခြင်းအရာများလည်း ရှိသည်မို့ အထွေအထူး ပြောမနေတော့ဘဲ ခေါင်းညိတ်လိုက်ကာ
"ရှောင်တန် ယုတုန်က မင်းကိုယ်စား မေတ္တာရပ်ခံပေးနေတာပဲ … ဒီလို သူဌေးမျိုးရထားတာ ဘုရားပေးတဲ့ဆုကွ (T/N မီဝေါ့)…  နောက်ဒီလိုမလုပ်နဲ့ သွား အဝတ်အစား မြန်မြန်သွားလဲချည်"

တန်ယင်းက ခေါင်းညိတ်ပြသည်။ ကျိုရှန်းကိုလည်း အလျင်အမြန် ကြည့်လိုက်သေးသည်။ သူ့အမူအရာသည် အရမ်း ရှုပ်ထွေးနေဟန်ရှိသည်။

ကျိုရှန်းကတော့ အေးစက်စွာ ပြန်ကြည့်လိုက်သည်။ ဒီပွဲ ဘယ်လို အဆုံးသတ်မလဲဆိုသည်နှင့် ဝမ်ယုတုန် ဘာလိုချင်နေသလဲဆိုသည်ကို သူမြင်ချင်လှပါသည်။

အခြားသူများကတေ့ ယန်မင်ရှို့ ဘာများပြောဦးမလဲဟု စပ်စုနေကြသည်။ ယန်မင်ရှို့က ဘာမှ ထပ်မပြောသလို ကျိုရှန်းအကြောင်းကိုလည်း တခြားသူများက ဘာမှမပြောနိုင်တော့

ဝမ်ယုတုန်တစ်ယောက်တည်းကသာ ယန်မင်ရှို့ လက်ကို ဆွဲလိုက်ပြီး ပြောလာသည်
"မင်ရှို့ ကျိုရှန်းက မင်းမှတ်ချက်ပေးထားသူမိူ့ အကိုတုန် ဘာမှမပြောလိုဘူး … ရုပ်ရှင်ရိုက်ဖို့ အလုပ်စမယ့်အချိန်ကို မနှောင့်နှေးကြစေနဲ့…  ဒီည မင်းဆီလာပြီး အေးဆေးစကားပြောချင်တယ်"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now