Ch 96 ကျိုရှန်း အသက်မွေးဝမ်းကြောင်း၏ ပြင်းပြသော ဆန္ဒအတွက် ဖြည့်ဆည်းပေးခြင်း

12K 855 28
                                    

For Unicode

ကျိုရှန်း တွင်ဤနာမည်အား စိတ်ပိုင်းဆိုင်ရာမုန်းတီးမှုရှိသည်မှာ သေချာသည်။ ယန်မင်ရှို့ နဲ့ မတွေ့ခင် သူဟာသေးငယ်သောအရာများအတွက် လိုက်ခံစားတတ်သူမဟုတ်။  သို့သော်လည်း ဝမ်ယုတုန် ဆိုလျှင် သူသည် မနာလိုသော အမုန်းတရားနဲ့ပြည့်နေသည်။ ဒီလိုအသေးအဖွဲလေးမျိုးဟာ စိတ်ရှုပ်စရာဖြစ်လို့ သူမရင်ဆိုင်ချင်တဲ့အရာဖြစ်သည်။

သို့သော်သူသည် စိတ်ပျက်ဖွယ်ကောင်းသော စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ပါ။ အကယ်၍ သူသည် ဝမ်ယုတုန် နှင့် တိုက်ခိုက်နိုင်ပါက သူ့ကိုအမှန်တကယ် အနည်းငယ်လောက်တော့ သက်သာစေလိမ့်မည်ဟု ထင်ခဲ့သည်။ ဒါပေမယ့်ကံမကောင်းတာက သူလုပ်နိုင်သော အရာမရှိ။ ထို့ကြောင့်သူသည်မိမိကိုယ်ကို ဖိနှိပ်လေလေ၊ သူခံနိုင်ရည်ရှိရန် ခက်ခဲလေလေဖြစ်သည်။

သူစဉ်းစားပြီးနောက် လက်ညှိုးသုံးကာ  "end call" ခလုတ်ကိုညင်ညင်သာသာနှိပ်ပြီး ဖုန်းချလိုက်သည်။ သူက ဝမ်ယုတုန် ဟာ ယန်မင်ရှို့က ဖုန်းခေါ်ဆိုခြင်းကို လက်မခံဘဲ ချပစ်လိုက်မည်ဟု တစ်ခါမှမကြုံဖူးဘူးလို့ ထင်လိုက်သည်။ ဖုန်းမျက်နှာပြင် တဖြည်းဖြည်းမှေးမှိန်လာသည်ကိုမြင်လျှင်, ကျိုရှန်း သည်သူလုပ်ခဲ့တာတွေကို ရုတ်တရက် သဘောပေါက်လိုက်သည်။ သူသည် ဝမ်ယုတုန် ဘယ်လိုတွေတောင် အသည်းအသန် မနာလို ဖြစ်နေပါလိမ့် ရှက်စရာကောင်းလိုက်တာ

ထိုအပြစ်ကို ဖုံးကွယ်ရန်အတွက် ယန်မင်ရှို့ ရေချိုးခန်းထဲကထွက်လာတဲ့အချိန်မှာ ကျိုရှန်း က သူ့ကိုကြည့်လိုက်ကာ ပြောလိုက်သည်။

 "ဝမ်ယုတုန် ကမင်းကိုဖုန်းဆက်လာတယ် "

ထို့နောက် ယန်မင်ရှို့ကို ဖြတ်ကျော်သွားပြီး ရေချိုးခန်းသို့ထသွားလိုက်သည်။

ယန်မင်ရှို့ အနည်းငယ်တုန်လှုပ်နေသည် သူကဖုန်းပြန်ခေါ်ဖို့ရည်ရွယ်ချက်မရှိဘဲ အိပ်ရာထဲမှ ဖုန်းကိုကောက်ယူလိုက်သည်။ ဒီအချိန်မှာ ပိုပြီးအရေးကြီးသော အရာတစ်ခုရှိသည်။ သို့သော် ဖုန်းကို အောက်ပြန်ချမည့်အချိန်တွင် ဖုန်းမြည်လာပြန်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now