Ch 108 ပြန်စကြရအောင်

14.4K 883 90
                                    

ကျိုရှန်းက မသေချာ၍ မေးလိုက်၏
"အောက်ထပ်မှာလား"

"အင်း။ "

"သူထွက်လာလို့ရတယ်လား?"
ကျိုရှန်း ရုတ်တရက်စိတ်လှုပ်ရှားစွာခံစားရသည်။ ယန်မင်ရှို့ဟာ အောက်ထပ်မှာ စောင့်နေမယ်လို့ သူတွေးမိသောအခါ သူ့မှာ အောက်ထပ်ကိုဆင်းတာတောင် ခက်ခဲတဲ့ပြသနာတစ်ခုလို့ ထင်မြင်မိပါသည်။

သူ့ကိုဘယ်လိုများ ရင်ဆိုင်သင့်ပါသလဲ

"ကိုယ့်အဖိုးက သူ့ကိုလွှတ်ပေးလိုက်တာ... သူကပြောတယ် လူငယ်နှစ်ယောက်ဟာ ချစ်ကြိုက်မယ် ပြီးရင် ဘာမဟုတ်တာလေးနဲ့စကားများကြမယ် သူတို့ခံစားချက်ကနေ နိုးထလာလိမ့်မယ်... အစကတည်းက မင်းတို့တွေဟာ ထာဝရတည်မြဲလိမ့်မယ်လို့ သူက မယုံခဲ့ဘူး... တကယ်တော့ မင်ရှု ဟာ ၂၄ နှစ်ပဲရှိသေးတယ် ... သူ့အရွယ်လူတွေဆို ရည်းစားတွေ ပြောင်းတာများ တဒါဇင်လောက် ရှိနေပြီတဲ့"

ယန်မင်စုက နာကျင်စွာပြုံးလိုက်သည်
" ကိုယ့်အဘိုးက အရမ်းအလုပ်များတယ်... သူကဒီမြေးတွေရဲ့အရေးကိစ္စတွေမှာ ဂရုစိုက်ဖို့အချိန်မရှိဘူး... ဒီအချိန်မှာ သူ ရှေ့တိုးလိုက်ရင် မင်ရှို့ဟာ သူနဲ့ အရမ်းဝေးနေပြီလို့ ခံစားမိလို့ပါ... ကိူယ့်အဖေကိုလည်း စိတ်ဆိုးမိတယ်... မင်ရှို့ကို ခဏတော့ လွှတ်ပေးသင့်တာပေါ့ ... ဒါပေမယ့်လည်း အနာဂတ်မှာစိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ်ဆိုတာကိုတော့ ကိုယ်ကြောက်တယ်... မင်းတို့နှစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားရမယ်... ဆန္ဒတွေပြည့်ဝသွားလို့ အဲဒီအချိန်မှာ မင်းတို့နှစ်ယောက် ငါ့ဆီလာပြီး အနှောင့်အယှက်မပေးနိုင်ရင်ပဲ ရပါပြီ အဲ့လောက်ဆို "

ကျိုရှန်း က ဘာကိုပြောရမှန်းတောင်မသိဘဲ ခါးသီးစွာ ပြုံးလိုက်မိပါသည်။

ယန်မင်စုဟာ ထိုစကားများကို အာကျယ်ကျယ်ပြောနေသော်လည်း အပြင်သို့ မထွက်ပါ။ ကျိုရှန်း ချွေးများပင် ပြန်လာသည်။ အရေးကြီးဆုံးအချက်က ယန်မင်ရှို့က အောက်ထပ်မှာလေ သူက ယန်မင်ရှို့ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပေမယ့် ယန်မင်ရှို့ကတော့ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ ပြီးတော့သူ သူကိုယ်တိုင်လည်း သူ့ရဲ့ကန့်သတ်ချက်ကိုရောက်ရှိနေပြီ။ သူကရှေ့တိုးရမလား၊ ဆုတ်ခွာမည်လားဟူသောခက်ခဲသောအခြေအနေတွင် အချိန်ကြာမြင့်စွာ ရုန်းကန်နေရသည်။ သူကဆုံးဖြတ်ချက်မချသေးဘူးဆိုရင် ပထမဆုံးပြိုကွဲသွားမှာက သူသာလျှင် ဖြစ်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Onde histórias criam vida. Descubra agora