Ch 51 ကျိုရှန်းအိမ် အဖောက်ခံရကြောင်း ပြောကြခြင်း။

8.7K 607 11
                                    


For Unicode

"လန်မျိုးရိုး မင်းအရှက်‌ေလး ဘာလေး မရှိ‌ဘူးလား... ကျိုရှန်း  မျက်နှာ‌ေထာက်‌ေနလို့ မဟုတ်ရင် မင်းအတွက်နေရာရှိမှာမဟုတ်ဘူး"
ယန်မင်ရှို့ မျက်နှာပျက်နေရင်း လန်ရှီရုံ ကို စိုက်ကြည့်နေသည်။

လန်ရှီရုံ က
“မင်းရဲ့ယန် မိသားစုက သြဇာရှိတယ်ဆိုတာ ငါသိပါတယ်... ဒါပေမယ့် ငါနေတဲ့ နိုင်ငံခြားမှာ မင်းတို့ဩဇာက သုံးစားလို့ရလို့လား .. ငါ့ကို လာမခြိမ်းခြောက်နဲ့  ငါက မင်းတို့ကို အားကိုး‌ေနတဲ့‌ေကာင် မဟုတ်ဘူး... ရှန်းကော မျက်နှာထောက်နေလို့ဆိုတော့ မင်းက ဘာကိုဆိုလိုတာလဲ .... မင်း အပြစ်ရှိသလို ခံစားနေရတာလေ ... မင်း‌ေကြာင့်မဟုတ်ရင် ရှန်းကော သေမှာမဟုတ်ဘူး"

ယန်မင်ရှို့ က ဒေါသတကြီးအော်လိုက်ပြီး
"မင်း ဆက်ပြောရဲပြောကြည့် မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ် ကျိုရှန်း က မသေသေးဘူး... သူ့ခန္ဓာကိုယ်ကို မမြင်ရရင် သူ အသက်ရှင်နေသေးတာဘဲ... မင်း လူယုတ်မာ ငါတို့အိမ်ထဲကို ဝင်လာတာ... သူခိုးဝင်တယ်ဘာတယ် လျှောက်ပြောနေတာ သူခိုးက မင်းပဲ!"

ညသန်းခေါင်မှာ ချိုင့်ဝေ ဆီက ဖုန်းဝင်လာ၏။ သူခိုးတစ်ယောက်ဝင်လာပြီး ကျိုရှန်း ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်သွားကြောင်း ချိုင့်ဝေ က သူ့ကို အကြောင်းကြားခဲ့ပါသည်။

ကျိုရှန်း မတော်တဆမှုအပြီးတွင် ကွန်ဒို၏သော့သည် ယန်မင်ရှို့ ၏လက်ထဲတွင် အမြဲရှိနေခဲ့သည်။ ယန်မင်ရှို့ သည် ကျိုရှန်း ၏ မည်သည့်အရာကိုမျှ ရွှေ့ရန် ခွင့်မပြုပေ။ ကျိုရှန်း ဟာ ​​တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်လာမယ့်ပုံလိုပါပဲ။ ခဏခဏ ပြန်သွားကြည့်တတ်သည်။ တခါတ‌ေလ ခဏလေး နေတတ်ပြီးတခါတလေ ရက်နည်းနည်းလောက်နေတတ်သည်။ သူ့စိတ်ဒဏ်ရာ ကျော်လွှားနိုင်မယ်လို့ ခံစားရတဲ့အခါတိုင်း ပြန်သွားလေ့ရှိသည်။

သူ့အတွက်ကတော့ ဒီအိမ်ဟာ ဘယ်လိုနည်းနဲ့မှ အထိခိုက်ခံလို့မရ။ ထိုနေရာသည် သူနှင့် ကျိုရှန်း ၏ အမှတ်တရများအားလုံးကို သိမ်းဆည်းထားရာ နေရာဖြစ်ပြီး သူတို့နှစ်ဦးသာ ပိုင်ဆိုင်သည်။ ချိုင့်ဝေ နှင့် လန်ရှီရုံ တို့ ဤနေရာသို့ ဝင်ရောက်လာလျှင်ပင် သူခိုးလို့ သတ်မှတ်ပြီး သူသတ်ပစ်ချင်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now