Ch 36. ရန်ပွဲ .... ဝမ်ယုတုန်၏ တောင်းဆိုမှု

8.2K 646 37
                                    

For Unicode

ကျိုရှန်း  အိမ်ပြန်ခဲ့သည်။

ဒီအိမ်က သူမွေးတုန်းက... လွန်ခဲ့တဲ့ နှစ် 30 လောက်က သူနေထိုင်ခဲ့တဲ့ အိမ်ပါ။ ယခုလည်း လူတစ်ဦးကြောင့် အိမ်ပြန်ရန် ရက်အတော်ကြာအောင် မဝံ့မရဲ ဖြစ်နေရသည်။

ဒီလူကို အိမ်ခေါ်လာခဲ့တဲ့သူက အခု ဒီလူကို မောင်းထုတ်ရမှာပေါ့။ မာနကြီးသော ယန်မင်ရှို့ သည် ကန်ထုတ်ခံရခြင်း၏ အရှက်ရမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ယန်မင်ရှို့ ၏ နှလုံးသားထဲတွင်၊ သူက အရည်အချင်းရှိသော အိမ်ထိန်းတစ်ဦးနှင့် အိပ်ယာထဲက ပါတနာတစ်ဦးအဆင့်လောက်သာ

အိမ်ပြန်ရောက်တော့ မီးတွေပွင့်လာသည်။ ယန်မင်ရှို့ ပြန်ရောက်နေပြီ။

ကျိုရှန်း အသက်ပြင်းပြင်းရှူပြီး တံခါးကို သော့ဖွင့်လိုက်၏။

ယန်မင်ရှို့ သည် ဆိုဖာပေါ်တွင် ထိုင်ကာ အေးစက်စွာ သူ့ကို စိုက်ကြည့်နေသည်။

ကျိုရှန်း သည် သူအိမ်ပြန်ရောက်တိုင်း ထုံးစံအတိုင်း လုပ်လေ့ရှိသည် ။ သူ့ဂျာကင်အင်္ကျီကို ချွတ်ပြီး တံခါးနားမှာချိတ်ဆွဲပြီး ဖိနပ်ကို ဖိနပ်တစ်ရံအဖြစ် ပြောင်းကာ ဖိနပ်စင်ပေါ်မှ သော့ကို တင်လိုက်သည်။ သူအိမ်ပြန်ရောက်တိုင်း ဒီလိုလုပ်‌ေနကျ။ ယန်မင်ရှို့ ဒါကို အကြိမ်များစွာ မြင်ဖူးသည်။ သူ့ရှေ့တွင် ရင်းနှီးနေသည့် ဤမြင်ကွင်းသည် သူတို့ကြားတွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ယန်မင်ရှို့က သူ့အရင် အိမ်ပြန်‌ေရာက်လျက်

ကျိုရှန်း သည် သူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးဖြတ်ချက်ကို အသုံးချကာ ငြိမ်သက်စွာ အိမ်ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ မေးလိုက်၏ "မင်း ပစ္စည်းတွေ မထည့်ရသေးဘူးလား... ကိုယ် မင်းကို ကူညီမယ်"

ယန်မင်ရှို့ ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ဆိုဖာပေါ်မှ ငေါက်ခနဲ ထလာပြီး ကျိုရှန်း ၏ ကော်လာကို ဆွဲကိုင် လက်သီးကို မြှောက်ကာ သူ့ကို ထိုးရန် နီးကပ်လာသည်။

ကျိုရှန်း သည် သူ့လက်ကောက်ဝတ်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး သူ့အားနည်းချက်ကို ပြရန် တွန့်ဆုတ်နေကာ သူ့ကို ကြည့်လိုက်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now